နတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်း ကျောက်လှိုဏ်ဂူအတွင်းမှ ရွှေတွေ ပိဿာနဲ့ချီပြီးရတဲ့ ရွာသားတွေ ရကုန်ပြီတဲ့
Unicode
အလွန်ထူးခြား ဆန်းကျယ်လှတဲ့ ရွာလေးပါ ခုလည်းကျောက်မှာကပ်တဲ့ရွှေတွေရကြပြန်ပြီတဲ့ဗျာ။တချို့ကလည်းပိဿာချီရနေပြီကြားရပါတယ်။ဒီရွာလေးကတော့ စစ်ကိုင်းတိုင်း၊ဝန်းသိုမြို့နယ်၊ဂျိုးတောင်ရွာဘက်မှာရှိတာဖြစ်ပါတယ်။
နတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်းကို လမ်းနှစ်သွယ်ဖြင့် သွားနိုင်ပါတယ်
(၁)ဝန်းသို-ဂျိုးတောင်ကားလမ်းဘေးမှတစ်ဆင့်..မိုင်းသုံရွာကို ဝင်ရပါတယ် မိုင်းသုံရွာကို ရောက်ပြီဆိုရင်တော့ ရွာခံအချို့ကို မေးလိုက်ရင်ပဲ ကျောက်မြို့ကိုအတက်လမ်းပြသပေးမှာဖြစ်ပါတယ်။
လမ်းကခပ်စောက်စောက်မို့ ဆိုင်ကယ်ကောင်း၊ မောင်းသူကျွမ်းကျင်မှသာ အဆင်ပြေပါလိမ့်မယ် အပင်ပန်းခံလမ်းလျှောက်တက်မည်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ဒါက တစ်လမ်းပါ..။
(၂)ဝန်းသိုမြို့ဂေါက်ကွင်းကတစ်ဆင့်ဖြတ်သန်းပြီး..ကျောက်မြောင်းရရွာ၊ ကွန်းပေါင်း ၊ လက်ပန်ကျင်း ၊ အောင်းပင် ရွာသုံးရွာကို တောတောင် ချောင်း မြောင်းများဖြတ်လျှက်သွားရမှာဖြစ်ပါတယ်။
အောင်းပင်ရွာရောက်ရင်ဖြင့် ကျောက်မြို့သို့တက်ရာဆိုင်ကယ်တစ်စီးသာသာ လမ်းကလေးကို မြင်ရမှာဖြစ်ပါတယ် လမ်းအတိုင်းခက်ခက်ခဲခဲတက်သွားရင်တော့ဖြင့် ကျောက်မြို့တော်ကိုရောက်ပါပြီ။
သွားချိန်၂:၃ဝတော့ကြာမြင့်မှာပါ ဆိုင်ကယ်ကျွမ်းကျင်မူ့ရယ် ၊ အင်ဂျင်ကောင်းဖို့ရယ်တော့လိုအပ်ပါတယ် မိန်းကလေးများအဖို့ စီးဖို့ရန်မသင့်ပါဘူးခင်ဗျာ။
ဆောင်ရန် – ကျောက်မြို့တော်သို့သွားပါက ဆီအပြည့်ဖြည့်သွားဖို့လိုပါတယ် သောက်ရေအနည်းငယ်မျှယူဆောင်ပါ မုန့်အနည်းငယ်ယူဆောင်ပါ .ကျောက်မြို့တော်မှာ လုပ်အားဒါန ပေးနေသူများရှိသဖြင့် လှူဒါန်း ဒါနပြုချင်ပါက
နိင်သလောက်သော ဆန် ၊ ဆီ ၊ ဟင်းသီးဟင်းရွက် ၊ မုန့်အချို ၊ လေးများယူဆောင်သွားပါ ကျောက်မြို့တော်ရောက်လျှင် ရှိထမင်း ရှိဟင်းလေးနဲ့ ကျွေးမှာမို့ ဗိုက်ကားအောင်လည်းစားခဲ့ပါ။
(ကျနော်တော့ တအားစားကောင်းခဲ့တယ်) နောက်ဆုံးအဓိကမှာချင်တာက နိင်သလောက်သော ဟင်းသီး ဟင်းရွက် လေးတွေကို ဝယ်ယူသယ်သွားပေးကြဖို့ပါခင်ဗျာ။
ထူးခြားချက် ~ ကျောက်မြို့ ၊ နတ်မြို့ ဟုကြားလိုက်ကတည်းက နာမည်ကစပြီးထူးခြားပါတယ် အိမ်ခြေပေါင်းတစ်သောင်း ၊ ကျောင်းပေါင်းတစ်သောင်းအခြေချနေတယ်လို့ ပါးစပ်ရာဇဝင်တွေကြားရမှာပါ။
နတ်ဖွတ်ထားတဲ့မြို့ဖြစ်တာကြောင့် မြင်ရမှာတော့မဟုတ်ပါဘူး ။ လက်ရှိမြင်နိင်မှာကတော့ ရသေ့ဂူ ၊ ကျောက်စေတီ ၊ သူရဲဂူ ကျောက်ထိုင်ခုံ ကျောက်ဂူ ၊ အရှေ့ဘက်မျှော်စင် ၊ နတ်ရေကန် ၊ ကျောက်မြို့တော် ကွင်းပြင်ကြီး
လက်ရှိရှာတွေ့ထားတာလေးတွေပါ နောက်ထက်ထူခြားတဲ့နေရာလေးတွေလည်း ရှိနိုင်ပါသေးတယ် ကျောက်မြို့တော်ကို ကျောက်တံတိုင်းများကာရံထားပြီး ထွက်ပေါက် ၃ပေါက်သာရှိပါတယ်။
ကျောက်တံတိုင်းများက အမြင့်ပေ ၅ဝပေ လောက်ရှိမယ်ထင်ပါတယ် (ယခုပြောပြထားသမျှထဲမှာ ကျန်ခဲ့တာ ၊ မှားခဲ့တာတွေရှိရင်ခွင့်လွှတ်နားလည်ပေးကြပါခင်ဗျာ)
Zawgyi