အွန်လိုင်းပေါ်က လိမ်နည်းအသစ်တစ်ခုကြောင့် လူတော်တော်များများ ဒီကာလထဲ အလိမ်ခံနေရပြီ

Unicode

လိမ်နည်းကတော့ ရိုးပါတယ်ဝင်ကြေးနှစ်ထောင်သွင်းပြီးfacebook မှာတစ်ရက်ကို post သုံးခုတင်ပေးတာနဲ့တစ်ပတ်ကို ငါးထောင်ပြန်ရမယ်ဆိုပြီးလိမ်နေကြတာပါ။ သင်ကလူတစ်ယောက်ကိုဒီအလုပ်လုပ်ဖို့ ထပ်ခေါ်ပေးနိုင်ရင်တစ်ထောင်ပေးပါတယ်လို့ ဆိုပါတယ်။

တစ်ထောင်ပေးတာကလဲသင်ခေါ်လာတဲ့လူဆီက တစ်ထောင်နူတ်ပြီးသက်ဆိုင်ရာ Messenger gp ရဲ့ admin ဆီကိုတစ်ထောင်သွင်းရတာပါတဲ့ အဲ့တော့ Gp admin တွေကအရှုံးမရှိပါဘူး Gp admin ကလဲ အနည်းဆုံး 18ယောက်မကရှိပါတယ်။

ကျနော့်သူငယ်ချင်း ခံလိုက်ရတဲ့ GpမှာဆိုMember ၆၀၀ ကျော်ရှိပါတယ် လူ၆၀၀ ကို ငွေနှစ်ထောင်နူန်းနဲ့တွက်ကြည့်ပါ ပြီးတော့ သူတို့က တစ်ပတ်ပြည့်တာနဲ့ gp admin နေရာတွေက ထွက်ပြီးgp ထဲက လူတွေချည်းချန်ထားခဲ့တာပါ။

ဒီလိမ်နည်းကြောင့် ဘယ်နှစ်ယောက်အလိမ်ခံရပြီးပြီလဲ မသိပါဘူး အကယ်၍သင့်သူငယ်ချင်းကသင့်ကိုဒီအလုပ်လုပ်ဖို့ လာဆွယ်လို့ပိုက်ဆံအလကားရတယ်နှစ်ထောင်ထဲနဲ့ဘာမှမဖြစ်ပါဘူးလေ ဆိုပြီးတွေးမိရင်

ရှည်ရှည်ဝေးဝေး မစဉ်းစားပါနဲ့ နှစ်သက်ရာ မုန့် ၂၀၀၀ဖိုးသာ ပြေးဝယ်စားလိုက်ပါ အဲ့တာကမှ အကျိုးရှိပါလိမ့်မယ အလိမ်ခံရခြင်းမှကင်းဝေးပါစေ သင်ကြောင့်လဲ နောက်ထပ်လူတွေထပ်အလိမ်မခံရပါစေနဲ့။

Zawgyi





