သားအိမ်‌ခေါင်းကင်ဆာ ဖြစ်တော့မယ်ဆိုတာသိနိုင်တဲ့ ရှေးပြေးလက္ခဏာများ
Unicode
ရင်သားကင်ဆာ ၊ သားအိမ်ခေါင်းကင်ဆာ ၊ သားအိမ်ကင်ဆာ စသဖြင့် ရောဂါတွေကြောင့်အ မျိုးသမီးတွေမှာ သေဆုံးမှု များပြားလျက်ရှိပါတယ် ။ယခုလို အဖြစ်များတဲ့ ရောဂါတွေထဲကသားအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာ (၁၀)ခုကိုဖော်ပြပေးချင်ပါတယ်။
သားအိမ်ကင်ဆာဟာ အသက် ၃၀ နှင့် ၄၀ အရွယ်တွေမှာ အဖြစ်များလေ့ရှိကြပါတယ် ကြိုတင်သိရှိထားခြင်းဖြင့် အချိန်မှီကုသနိုင်မှာပါ ။
သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများအတွက်အသံတိတ် လူသတ်သမားဖြစ်ပါသည် အချို့ရောဂါလက္ခဏာများမှာပုံမှန်ဖြစ်ပေါ် နေကျလက္ခဏာများသာခံစားရသည့်အတွက်သတိမထားတတ်ပေ။
ကွဲပြားခြားနားသောလက္ခများမှာနေ့စဉ်ဖြစ်ပေါ်နေပြီးသက်သာပျောက်ကင်းမှု့မရှိမှသာသတိပြုမိစေတတ်ပါသည်။
၁။ဝမ်းဗိုက်အောင့်ခြင်း
သာမာန်အစာမကြေခြင်း ကြွက်တက်ခြင်း စသည့်နာကျင်မှု့များနှင့် မတူသောဝမ်းဗိုက်အောင့်ခြင်းသည်သားအိမ်ကင်ဆာ၏လက္ခဏာ ဖြစ်ပါသည် ဝမ်းလျှောခြင်း အစာအိမ်အောင့်ခြင်းတို့နှင့်မသက်ဆိုင်ပဲ ၂ပတ်ကျော်ခန့်ဝမ်းဗိုက်အောင့်ခြင်းကိုခံစားရတတ်ပါသည်။
၂။အစာမကြေခြင်း
ဆက်တိုက်အစာမကြေခြင်း အစာအိမ်နှင့်အူများယောင်ခြင်းနှင့် ပျို့အန်ခြင်းတို့သည် သားအိမ်ကင်ဆာ ၏အဖြစ်များဆုံးသောရောဂါလက္ခဏာများဖြစ်ပါသည်။
၃။အစားစားချင်စိတ်မရှိခြင်း
********************
ရောဂါရှိသူသည်ရုတ်တရက်အစားစားချင်စိတ်ပျောက်ဆုံးလာခြင်းသည် ကင်ဆာမှဇီဝဖြစ်စဉ်များကိုထိခိုက်လာပြီး ခန္ဓာကိုယ်အားအင်ပေးသောအစာကိုဖြိုခွဲနိုင်ခြင်းမရှိတော့တာကြောင့်ဖြစ်ပါသည်။
၄။ဖောင်းတင်းခြင်း
ဝမ်းဗိုက်နှင့်တင်ပါးအရိုးများတွင်ဖောင်းတင်းနာကျင်ခြင်းတို့သည်လက္ခဏာတစ်ခုဖြစ်ပါသည်။
၅။မကြာခဏဆီးသွားခြင်း
ပုံမှန်ထက်မကြာခဏ ဆီးသွားခြင်းသည် ရောဂါလက္ခဏာတစ်မျို းဖြစ်ပါသည်။
၆။ဗိုက်ပြည့်မြန်ခြင်း
သားအိမ်ခေါင်းကင်ဆာဝေဒနာများတွင်သားအိမ်အကျိတ်သည်အစာအိမ်၏မျက်နှာပြင်ပေါ်တွင်တည်ရှိပြီး အစားစားသုံးသည့်အခါလျင်မြန်စွာ ဗိုက်ပြည့်မှု့ခံစားရစေပါသည်။
၇။ဝမ်းချုပ်ခြင်းနှင့်ဝမ်းလျောခြင်း
ဆီး ဝမ်းကိစ္စများအပြောင်းအလဲဖြစ်ခြင်း တို့သည်လည်းလသားအိမ်ခေါင်းကင်ဆာ၏ လက္ခဏာဖြစ်ပါသည် ထိုသို့ဖြစ်ရခြင်းမှာသားအိမ်ခေါင်းအကျိတ်သည်ဖောင်းပွလာပြီးအစာအိမ် ဆီးအိတ် အူစသည်တို့ကိုဖိအားပေးမိ၍ဖြစ်ပါသည်။
၈။နောက်ကျောအောင့်ခြင်း
နောက်ကျော အဆက်မပြတ်ကိုက်ခဲ၍ အောင့်ခြင်းသည်အဖြစ်များသောရောဂါလက္ခဏာတစ်ခုဖြစ်ပါသည်။
၉။ရုတ်တရက်အလေးချိန်ကြခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းအစားလျော့စားခြင်းများမလုပ်ပဲ(10)Lbနှင့်အထက်ကိုယ်အလေးချိန်ကျဆင်းခြင်းသည်ရောဂါလက္ခဏာတစ်ခုဖြစ်ပါသည်။
၁၀။သွေးထွက်ခြင်း
ပုံမှန်မဟုတ်ပဲ သားအိမ်မှသွေးထွက်ခြင်းသည်လူသိနည်းသောသတိပေးလက္ခဏာဖြစ်ပါသည်။အခြားသားအိမ်မူမမှန်ခြင်းများမှာရုတ်တရက်နာကျင်ခြင်း အရည်ကြည်ဖုများပေါက်ခြင်းတို့ဖြစ်ပါသည်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်တာကြောင့် မိမိမှာ ဒီလိုလက္ခဏာရပ်တွေဖြစ်ပေါ်နေပြီဆိုလျှင် ဆရာဝန်နှင့် အမြန်ဆုံးးနွေးတိုင်ပင်ပြီး ကုသခြင်းဖြင့် မိမိရဲ့အသက်ကို မြန်မြန်ကယ်တင်နိုင်ပါလိ့မ်မယ်။
Zawgyi
သားအိမ်‌ခေါင်းကင်ဆာ ဖြစ်တော့မယ်ဆိုတာသိနိုင်တဲ့ ရှေးပြေး လက္ခဏာ ၁၀ ရပ်
၂။အစာမကြေခြင်း
********************
၎။ဖောင်းတင်းခြင်း
၅။မကြာခဏဆီးသွားခြင်း
၆။ဗိုက်ပြည့်မြန်ခြင်း
၁၀။သွေးထွက်ခြင်း