ဖောင်ကြီး ဧရာဝတီ ကိုဗစ် ကုသရေးအတွက် ငွေကျပ် သိန်း ၁၀၀၀ ကို ပါချူပ်ဆရာတော်မှ လှူဒါန်း

Unicode

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီးရှိ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေး စင်တာအတွက် ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းလိုက်ကြောင်း သိရသည်။

ဖောင်ကြီး ကိုဗစ်ကုသရေး စင်တာရှိ ခေတ္တာဆောင်နှင့် သဇင်ဆောင်တို့အတွက် အောက်စီဂျင် တိုးချဲ့ ပေးဝေနိုင်ရေးလုပ်ငန်း အမြန်ဆုံး စတင်ဆောင်ရွက်နိုင်ရန် လိုအပ်နေသည့် အောက်စီဂျင် အသက်ရှူစက်ကြီး ဝယ်ယူရန် ဒေါက်တာ နန္ဒမာလာဘိဝံသ ဖောင်ဒေးရှင်းက ယခုကဲ့သို့ လှူဒါန်းခြင်း ဖြစ်သည်။

ဆရာတော်ကြီး ကိုယ်တိုင်ရေးသားပေးပို့သော ရင်တွင်းမေတ္တာစေတနာ အမှာစကားကိုလည်းဖေါ်ပြအပ်ပါသည် ပါမောက္ခချုပ်ဆရာတော်၏ ကျန်းမာရေးအလှူနှင့် အမှာစကား

ဘဝမှာ ကျန်းမာရေးဆုံးရှုံးလျှင် အားလုံးဆုံးရှုံးပါသည် ကျန်းမာရေးပြည့်စုံလျှင်လည်း အားလုံးပြည့်စုံ ပါသည် မြတ်ဗုဒ္ဓက “အာရောဂျပရမာ လာဘာ” ( ကျန်းမာမှု ရရှိခြင်းသည် အကောင်းဆုံးသောအရာကိုရရှိခြင်းဖြစ်သည်) ဟု ဟောခြင်းမှာ လုံးဝမှန်ကန်ပါသည်။

ကမ္ဘာကပ်ရောဂါဖြစ်ပွါးနေစဉ် ကျန်းမာရေးထိခိုက်သွားသူများအတွက် ကျန်းမာရေးဆုံးရှုံးမှု မဖြစ်ရလေအောင် ပံ့ပိုးကူညီလိုသော ရင်တွင်းမေတ္တာ စေတနာကြောင့် ယနေ့ ကျန်းမာရေးအလှူကို လှူရခြင်းဖြစ်ပါသည် မကျန်းမာသူများအတွက် အရေးတကြီးလိုအပ်နေသည့် အသက်ရှူစက်ကြီး ဝယ်ယူရန်..

(၁) ဒေါက်တာနန္ဒမာလာဘိဝံသဖေါင်ဒေးရှင်းမှ ကျပ်သိန်းလေးရာ၊

(၂) ဆရာတော်ကြီး၏ တပည့်ဒါယိကာမိသားစုဖြစ်ကြသည့် မြင်းခြံမြို့ နဂါးနီဆေးပေါ့လိပ် ဦးမြင့်သူ ဒေါ်ချိုချိုသင်း မိသားစုကကျပ်သိန်းခြောက်ရာ၊ နှစ်ရပ်ပေါင်း ကျပ်သိန်းတစ်ထောင်ကို လှူဒါန်းခြင်းဖြစ်ကြောင်း အမှာစကားပြော ကြားအပ်ပါသည်။

Zawgyi

ေဖာင္ႀကီး ဧရာဝတီ ကိုဗစ္ ကုသေရးအတြက္ ေငြက်ပ္ သိန္း (၁၀၀၀)ကို ပါခ်ဴပ္ဆရာေတာ္မွ လႉဒါန္း

ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး ေဒါက္တာ နႏၵမာလာဘိဝံသ ေဖာင္ေဒးရွင္းက ရန္ကုန္တိုင္းေဒသႀကီးရွိ ေဖာင္ႀကီး ကိုဗစ္-၁၉ ကုသေရး စင္တာအတြက္ ေငြက်ပ္ သိန္း ၁၀၀၀ လႉဒါန္းလိုက္ေၾကာင္း သိရသည္။

ေဖာင္ႀကီး ကိုဗစ္ကုသေရး စင္တာရွိ ေခတၱာေဆာင္ႏွင့္ သဇင္ေဆာင္တို႔အတြက္ ေအာက္စီဂ်င္ တိုးခ်ဲ့ ေပးေဝနိုင္ေရးလုပ္ငန္း အျမန္ဆုံး စတင္ေဆာင္႐ြက္နိုင္ရန္ လိုအပ္ေနသည့္ ေအာက္စီဂ်င္ အသက္ရႉစက္ႀကီး ဝယ္ယူရန္ ေဒါက္တာ နႏၵမာလာဘိဝံသ ေဖာင္ေဒးရွင္းက ယခုကဲ့သို႔ လႉဒါန္းျခင္း ျဖစ္သည္။

ဆရာေတာ္ႀကီး ကိုယ္တိုင္ေရးသားေပးပို႔ေသာ ရင္တြင္းေမတၱာေစတနာ အမွာစကားကိုလည္းေဖၚျပအပ္ပါသည္ ပါေမာကၡခ်ဳပ္ဆရာေတာ္၏ က်န္းမာေရးအလႉႏွင့္ အမွာစကား

ဘဝမွာ က်န္းမာေရးဆုံးရႈံးလွ်င္ အားလုံးဆုံးရႈံးပါသည္ က်န္းမာေရးျပည့္စုံလွ်င္လည္း အားလုံးျပည့္စုံ ပါသည္ ျမတ္ဗုဒၶက “အာေရာဂ်ပရမာ လာဘာ” ( က်န္းမာမႈ ရရွိျခင္းသည္ အေကာင္းဆုံးေသာအရာကိုရရွိျခင္းျဖစ္သည္) ဟု ေဟာျခင္းမွာ လုံးဝမွန္ကန္ပါသည္။

ကမာၻကပ္ေရာဂါျဖစ္ပြါးေနစဥ္ က်န္းမာေရးထိခိုက္သြားသူမ်ားအတြက္ က်န္းမာေရးဆုံးရႈံးမႈ မျဖစ္ရေလေအာင္ ပံ့ပိုးကူညီလိုေသာ ရင္တြင္းေမတၱာ ေစတနာေၾကာင့္ ယေန႕ က်န္းမာေရးအလႉကို လႉရျခင္းျဖစ္ပါသည္ မက်န္းမာသူမ်ားအတြက္ အေရးတႀကီးလိုအပ္ေနသည့္ အသက္ရႉစက္ႀကီး ဝယ္ယူရန္..

(၁) ေဒါက္တာနႏၵမာလာဘိဝံသေဖါင္ေဒးရွင္းမွ က်ပ္သိန္းေလးရာ၊

(၂) ဆရာေတာ္ႀကီး၏ တပည့္ဒါယိကာမိသားစုျဖစ္ၾကသည့္ ျမင္းၿခံၿမိဳ႕ နဂါးနီေဆးေပါ့လိပ္ ဦးျမင့္သူ ေဒၚခ်ိဳခ်ိဳသင္း မိသားစုကက်ပ္သိန္းေျခာက္ရာ၊ ႏွစ္ရပ္ေပါင္း က်ပ္သိန္းတစ္ေထာင္ကို လႉဒါန္းျခင္းျဖစ္ေၾကာင္း အမွာစကားေျပာ ၾကားအပ္ပါသည္။