ဟန်ငြိမ်းဦးကတော်ရုံလူအကြောင်း မတင်တဲ့အတွက် ဂုဏ်ယူတယ်ဆိုတဲ့ မင်းရတုပိုင်

Unicode

ပရိသတ်ကြီးရေ မင်းရတုပိုင်ကတော့ မိန်းကလေးပရိသတ်တွေအသည်းစွဲ ကြိုက်နှစ်သက်ရတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။

မမက မောင်ခေါ်ရာလိုက်မှာလား သီချင်းနဲ့ မိန်းကလေးပရိသတ်တွေ ရင်ထဲကိုရောက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ Music Video အသစ်တွေ ကိုလည်း ပရိသတ်တွေက တခဲနက်အားပေးဝန်းရံခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့အမြဲပျော်ပျော်နေတတ်ကာ TikTokလေးတွေဆော့တတ်တာကြောင့်သူ့ရဲ့ပရိသတ်တွေကတော့ သူ့ရဲ့TikTokလေးတွေကို အားပေးဝန်းရံလျက်ရှိကြပါတယ်။လတ်တလောမှာလည်း ငါတကယ်ချစ်လို့ဆိုတဲ့ အချစ်သီချင်းလေးထွက်ရှိထားတာပါ။

လက်ရှိမှာတော့ ” မန့်တွေဖတ်ရတာတစ်ခုသဘောကျတာ ကိုယ်လဲမသိခဲ့တဲ့သူတွေကကျောင်းနေဖက်တွေလုပ်လို့လုပ်ကိုယ်မနေခဲ့ဘူးတဲ့နေရာတွေမှာ ကိုယ်ကနေခဲ့တယ်လုပ်လိုလုပ်ကျောင်းမှာကတည်းကဆိုတာပါသေး

အဲ့ထဲကကျနော်၉တန်းထိလိုက်ခဲ့တဲ့ကောင်မလေး တစ်ယောက်ပဲရှိတယ် ဘယ်သူဆိုတာသိမှာပါကျောင်းနေဖက်ဆိုရင်တကယ်ပါပဲ သူတို့ချဲ့ကားမန့်ကြတာကိုယ်ကသဘောကျမိ

ဦးဟန်တင်တယ်ဆိုတာဟုဟုမဟုဟုတော်ရုံလူမတင်ဘူးအဲ့အတွက်လည်းဂုဏ်ယူတယ်”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ My dayမှာတင်လာခဲ့တာပါ။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Zawgyi







