Unicode
တစ်ခေတ်တစ်ခါက လွတ်လပ်ရေးတိုက်ပွဲ နဲ့ ပတ်သက်တဲ့ ဇာတ်ကားကောင်းတွေတိုင်းမှာ အမြဲလိုလိုပါဝင်ခဲ့တာကြောင့် နာမည်ကျော်ကြား လူသိများပြီး ပရိသတ်တွေတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ရသူကတော့ အားလုံးက ချစ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ မင်းသားကြီး သီဟတင်စိုးပါပဲ။
ထပ်ဆင့်အကယ်ဒမီမင်းသားကြီး သီဟတင်စိုး ဟာ ဒီကနေ့ ဖေဖော်ဝါရီ (၂၀)ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း နီးစပ်ရာအသိုင်းအဝိုင်းမှတဆင့် သိရပါတယ်။
ထပ်ဆင့် အကယ်ဒမီမင်းသားကြီး သီဟတင်စိုး ကွယ်လွန်သွားတာကို အနုပညာအသိုင်းအဝိုင်း နဲ့ ပရရိသတ်တွေကပါ မယုံကြည်နိုင်လောက်အောင်ကို ဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။
ထပ်ဆင့်အကယ်ဒမီ မင်းသားကြီး သီဟတင်စိုး ဟာ ဒီကနေ့ ဖေဖော်ဝါရီ(၂၀)ရက်နေ့မှာ နှလုံးရောဂါ ဖြင့် ကွယ်လွန်သွားတာဖြစ်ကြောင်း ၊ အခုလိုကွယ်လွန်သွားပြီဖြစ်ကြောင်းကို ကျန်ရစ်သူ မိသားစုဝင်များနဲ့အတူ စိတ်မကောင်းဖြစ်ရကြောင်း ကို ဝေဠုကျော်ဖောင်ဒေးရှင်းမှ ကြေညာလာတာဖြစ်ပြီး
ကိုသီဟတင်စိုး အား ဆုံးရှုံးရမှုကို ပရိသတ်တစ်ယောက်အနေနဲ့ နှမြောတသဖြစ်မိတာကြောင့် ကိုသီဟတင်စိုးတစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းလိုက်ရပါတယ်။