Unicode
သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးသားသီဆိုတတ်တဲ့အပြင် နိုင်ငံကျော်rapperတစ်ယောက်ဖြစ်တဲ့လွှမ်းပိုင်ကိုပရိတ်သတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။
သူဟာဂီတလောကတွင်ဆယ်စုနှစ်တခုစာလောက်ရပ်တည်အောင်မြင်နေပြီး ရုပ်ရှင်ကားကြီးတွေလည်းရိုက်ကူးနေပြီဖြစ်ပါတယ်။ ဒါ့ပြင်လွှမ်းပိုင်ဟာ streamerတစ်ယောက်အနေနဲ့လည်းရပ်တည်နေတာဖြစ်ပြီး စွယ်စုံရအနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။
လက်ရှိမှာတော့ လွှမ်းပိုင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ကျန်းမာရေးကိစ္စကြောင့် ရောက်ရှိနေတာပဲဖြစ်ပါတယ်။ လွှမ်းပိုင်က သူ့ရဲ့မျက်လုံးက မျက်မှန်ပါဝါကိုဖျောက်ဖို့ ထိုင်းနိုင်ငံမှာ လာရောက်ဆေးကုသမှုခံယူနေတာဖြစ်ပြီး သူ့ရဲ့မျက်လုံးလေဆာပစ်တဲ့ကုသမှုကလည်း အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားတယ်လို့လည်း အသိပေးလာခဲ့ပါတယ်။
လွှမ်းပိုင်ကတော့ ပြီးခဲ့တဲ့လတွေမှာ သူနဲ့ (၁၁) နှစ်တာလက်တွဲခဲ့တဲ့ချစ်သူ Bobby Soxer နဲ့ လမ်းခွဲခဲ့တဲ့သတင်းကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး အခုဆိုရင် သူလုပ်စရာရှိတဲ့အလုပ်တွေကို အရင်အတိုင်းလုပ်ကိုင်နေလျက်ရှိပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လွှမ်းပိုင်တစ်ယောက် အမြန်ဆုံးနေကောင်းသက်သာစေဖို့ ဆုတောင်းပေးကြပါဦးနော်။ Credit