ဒီနှစ်မွေးနေ့ဟာ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကြောင့် ထူးခြားခဲ့ရတယ်ဆိုတဲ့ အဆိုတော် Rဇာနည်

Unicode

တေးသီချင်းများကို ပြန်လည်သီဆိုရာမှာ မူရင်းတေးသီချင်းကိုပိုမိုကြွရွအောင် သီဆိုတတ်သူ ၊ ပရိသတ် ရင်ထဲစွဲကျန်နေခဲ့နိုင်အောင် တေးသီချင်းတွေကို ဖန်တီးသီဆိုသူ ၊ အမြဲတမ်းပြုံးနေကာ အေးအေးဆေးဆေးနေတတ်သူကတော့ အားလုံးက ကို Rကြီးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အဆိုတော် ကို Rဇာနည် ပါပဲ။

အဆိုတော် ကို R ဇာနည် ဟာ လက်ရှိမှာတော့ တိုင်းတစ်ပါးမှာ သွားရောက်နေထိုင်နေရတာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားတာဖြစ်တာ​ပြီး သူ့ရဲ့ ပရိသတ်တွေကလည်း ကို R ဇာနည် နဲ့ သူ့ရဲ့အနုပညာတွေကို အမြဲလွမ်းဆွတ်သတိရနေတာဖြစ်ပါတယ်။

သိပ်မကြာခင်ရက်ပိုင်း က ကို R ဇာနည် ဟာ အသက် (၄၅) နှစ်ပြည့်ခဲ့တာဖြစ်ပြီး သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေရဲ့ ဆုတောင်းမေတ္တာစကားတွေကိုအများကြီး ရရှိခဲ့ပါတယ်။

ပရိသတ်ချစ်ခြင်းမေတ္တာကို အရင်ထက်ပိုပြီး အများကြီးရရှိခဲ့တာကြောင့် ပရိသတ် တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ ကို Rဇာနည် က အခုလို ကျေးဇူးတင်စကားပြောထားတာကို ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။