Unicode
အမြဲတတ်ကြွလန်းဆန်းနေပြီး အသံချိုချိုအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ရယူထားနိုင်တဲ့ အနုပညာရှင်တွေထဲက တစ်ဦး ဖြစ်တဲ့ အုပ်စိုးခန့်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေကို ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။
သီချင်းကောင်းလေးတွေကို ခံစားချက်အပြည့်နဲ့ သီဆိုလေ့ရှိသူ ဖြစ်တာကြောင့် လူကြီး လူငယ်မရွေးကြိုက်နှစ်သက်ကြတာလည်း ဖြစ်ပါတယ်။ အဆိုတော်အဖြစ်သာမက သရုပ်ဆောင်ပိုင်းတွင်ပါ လုပ်ကိုင်နေကာ မိဘနှစ်ပါးကို လုပ်ကျွေးနိုင်နေပြီ ဖြစ်တဲ့ သားလိမ္မာလေးပဲ ဖြစ်ပါတယ်။
သူရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲလိုလိုဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း မြင်နေကျပုံစံတွေနဲ့ မတူဘဲ ထိုင်းမင်းသားလေး တစ်ယောက်လို ချောမောခန့်ညားနေတဲ့ ပုံလေးတွေကို ဝေမျှထားရာ ပုံတိုင်းက ချစ်စရာကောင်းလွန်းလို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။