Single Mother အဖြစ်နဲ့ သမီးလေးကို ဈေးရောင်းကာရှာဖွေကျွေးနေတဲ့ ညီမလေးကို ထောက်ပံ့ကူညီခဲ့တဲ့ မိုးစက်

Unicode

ပရိသတ်ကြီးရေ မိုးစက်ကတော့ လူရွှင်တော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာရပ်တည်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။မိုးစက်ကတော့ သမာအာဇီဝကျကျဝမ်းရေးဖြေရှင်းနေတဲ့သူတွေကို ကူညီထောက်ပံ့နေတာကြောင့်ပရိသတ်တွေက လေးစားချီးကျူးနေခဲ့ရပါသေးတယ်။

မနေ့ကလည်း မိုးစက်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Single Mother ညီမလေးတစ်ယောက်ကို ကူညီထောက်ပံ့ခဲ့ကြောင်း သူ့ရဲကလူမှုကွန်ရက်စာမျက်နှာကနေဗီဒီယိုလေးနဲ့မျှဝေဖော်ပြလာခဲ့ပါတယ်။

ညီမလေးကတော့ အသက် (၂၀)အရွယ်သာရှိသေးပေမဲ့ (၁)နှစ်နဲ့ (၁)လအရွယ်သမီးလေးကို ခေါ်လာပြီး သမာအာဇီဝကျကျဈေးရောင်းကာ ဘဝကိုရုန်းကန်နေခဲ့သူပဲဖြစ်ပါတယ်။

မိုးစက်ကတော့ ညီမလေးဆီမှာဈေးဝယ်ပြီး အလှူငွေ (၁)သိန်းကျပ်ကို ကူညီထောက်ပံ့ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ မိုးစက်နဲ့သူ့ရဲ့အလှူရှင်တွေရဲ့ မွန်မြတ်လှတဲ့အလှူဒါနလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။