ကွယ်လွန်သူရဲ့ဆန္ဒအတိုင်း စျာပနာအခမ်းအနားတွင် ပန်းများအစား ခေါက်ဆွဲခြောက်ထုပ်တွေနဲ့ အလှဆင်ပေးခဲ့သည့် မိသားစု

Unicode

သေခြင်းတရားကို မည်သူကမှ ရှောင်လွှဲ၍မရပေမယ့် မိသားစုတိုင်းကတော့ ကွယ်လွန်သူရဲ့ ဆန္ဒကို နောက်ဆုံးအနေနဲ့ ဖြည့်ဆည်းပေးတတ်ကြသည်။

ယခုတွင်လည်း ထိုင်းနိုင်ငံက ဘုရားကျောင်းတစ်ခုမှာ ပြုလုပ်ခဲ့သော စျာပနာအခမ်းအနားလေးတွင် ပုံမှန်တိုင်း ခေါင်းတလားဘေးမှာ ပန်းများနဲ့အလှဆင်ထားတာမျိုးမဟုတ်ပဲ ခေါက်ဆွဲခြောက်ထုပ်များကိုသာ တွေ့ရသည်။

ကွယ်လွန်သူ အသက်၆၈နှစ်အရွယ် အဖိုးအိုမှာ သူဆုံးပါးသွားသည့်အခါ စျာပနာအခမ်းအနားမှာ မုန့်ပဲသရေစာနဲ့ခေါက်ဆွဲခြောက်ထုပ်များနဲ့ အလှဆင်လိုကြောင်း ဆိုခဲ့သည်။

မိသားစုဝင်တွေကလည်း အဖိုးအိုရဲ့နောက်ဆုံး ဆန္ဒကိုဖြည့်ဆည်းပေးသည့်အနေနဲ့ ခေါက်ဆွဲခြောက်ထုပ် ၅၀၀၊ခေါင်ဆွဲဗူး ၄၀၀နဲ့ လွမ်းသူ့ပန်းခွေအစား နို့ဗူးတွေနဲ့ အလှဆင်ထားပေးကြသည်။

စျာပနာအခမ်းအနားပြီးဆုံးသည့်အခါ ထိုခေါက်ဆွဲခြောက်ထုပ်များကို မိဘမဲ့ဂေဟာနဲ့ ဘိုးဘွားရိပ်သာတွေမှာ သွားရောက်လှူဒါန်းခဲ့ကြသည်။