ကျော်ကျော်နန္ဒကိုကြည့်မရပေမယ့်လည်း ကျော်ကျော်အိနြ္ဒာကိုတော့ ကြည့်လို့မဝဖြစ်နေကြောင်းအရွှ့န်းဖောက်လာတဲ့ ဒေါင်းဝေကျော်ကျော်နန္ဒကိုကြည့်မရပေမယ့်လည်း ကျော်ကျော်အိနြ္ဒာကိုတော့ ကြည့်လို့မဝဖြစ်နေကြောင်းအရွှ့န်းဖောက်လာတဲ့ ဒေါင်းဝေ

Unicode

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါင်းဝေကတော့ ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ဗွီဒီယိုဇာတ်ကားတွေသာမက MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ အများဆုံးတွေ့မြင်နေရသူတစ်ယောက်ပါ။

သရုပ်ဆောင်အလုပ်အပြင် ဝါသနာပါရာဂီတခရီးလမ်းကိုလျှောက်လှမ်းရင်း ပရိသတ်တွေအတွက် သီချင်းအစ်တွေချပြနိုင်ဖို့ ဆက်တိုက်ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ဒီကနေ့မှာလည်း ဒေါင်းဝေက သူနဲ့အပြင်မှာ ခင်မင်ရင်းနှီးပြီးသားဖြစ်တဲ့ အွန်လိုင်းဆယ်လီ ကျော်ကျော်နန္ဒကို အရွှန်းဖောက်စနောက်လာခဲ့တာကို တွေ့ရပါတယ်။

ဒေါင်းဝေက ကျော်ကျော်နန္ဒကို “ဦးလေးကိုသာကြည့်မရတာ တူမကျကြည့်မဝဘူး 😎” ဆိုပြီး ကျော်ကျော်နန္ဒကိုသာကြည့်မရဖြစ်ပေမယ့် ကျော်ကျော်နန္ဒရဲ့တူမလေး ကျော်ကျော်အိနြ္ဒာကိုတော့ ကြည့်လို့တောင်မဝဘူးလို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒရဲ့တူမလေး ကျော်ကျော်အိနြ္ဒာကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကပဲ Miss Grand Pyin Oo Lwin သရဖူဆောင်းနိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာပဲဖြစ်ပါတယ်။ ကျော်ကျော်နန္ဒကလည်း တူမလေးကျော်ကျော်အိနြ္ဒာကြောင့် ပရိသတ်တွေက ဦးလေးလို့ခေါ်ပြီး စနောက်ခံနေရတာပဲဖြစ်ပါတယ်။