ကြော်ငြာရှုတင်ကို လိုက်ချင်ပေမယ့်လည်း မလိုက်ချင်သလိုဟန်ဆောင်ပြီးမူနေတဲ့ မိခင်ဖြစ်သူကို ပြသလာတဲ့ ဖြိုးမြတ်အောင်

Unicode

ပရိသတ်ကြီးရေ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို ပိုင်နိုင်စွာသီဆိုနိုင်သူ အဆိုတော် ဖြိုးမြတ်အောင်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်နော်။ သူကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် ဂီတလောကထဲသို့ ထိုးဖောက်ဝင်ရောက်လာသူတစ်ဦး ဖြစ်ပါတယ်။

သူ့ရဲ့သီချင်းလေးတွေ ဟာလည်း ပရိသတ်တွေရဲ့နားထဲမှာ အမြဲစွဲနေတာပါ။ဖြိုးမြတ်အောင်ဟာ မိဘကျေးဇူးသိတတ်သူတစ်ဦးဖြစ်တာကြောင့်အခုနောက်ပိုင်းမှာ ပိုပြီးအောင်မြင် လာတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဖြိုးမြတ်အောင်တစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာ ဖြစ်ပါတယ်။မကြာသေးခင်က ဖြိုးမြတ်အောင်ရဲ့ Myday တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ကြော်ငြာရှုတင်လိုက်ချင်လို့ သူ့ကိုပူဆာနေတဲ့ မိခင်ဖြစ်သူကို ဗီဒီယိုရိုက်ပြီး လိုက်စနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက် ပါတယ်နော်။