နိုင်ငံရေးကိုခုတုံးလုပ်ပြီး နာမည်ကြီးချင်နေတာမဟုတ်ကြောင်း ရှင်းပြလိုက်တဲ့ မင်းသား မင်းမော်ကွန်း

Unicode

ပရိသတ်တိုင်း ချစ်ခင်ရတဲ့ ပြည်သူချစ်သရုပ်ဆောင် မင်းသားချော အကယ်ဒမီ မင်းမော်ကွန်း ကတော့ ဆယ်စုနှစ်တစ်ခုကြာ

ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီးတော့ယခင်အချိန်တည်းက ပရိသတ်အားပေးချစ်ခင်မှု့ကို အပြည့်အဝရရှိထားတဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။

အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာကြောင့် စစ်ကောင်စီမှ ၅၀၅ က ဖြင့်တရားစွဲဆိုခံထားရပါတယ်။

မင်းမော်ကွန်း ဟာ လက်ရှိမှာ ခက်ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ မိသားစုနဲ့အတူရောက်ရှိနေပါတယ်။

မင်းသား မင်းမော်ကွန်း ကတော့ စစ်ကောင်စီကိုနည်းမျိုးစုံနဲ့ တော်လှန်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်နော်။ဒါအပြင် တပ်ထောက်ခံနေတဲ့ အနုပညာရှင်တွေနဲ့ ပြည်သူတွေရဲ့ဒုက္ခကို မျက်ကွယ်ပြုပြီး

အနုပညာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေတဲ့ အနုပညာရှင်တွေနဲ့စစ်တပ်ပိုင်ပစ္စည်းတွေကို ကြော်ငြာပေးနေတဲ့ နယ်ပယ်ပေါင်းစုံက မိတ်ဆွေဟောင်း အနုပညာရှင်တွေရဲ့ နာမည်တစ်ခုချင်းဆီကို သူ့လူမှု့ကွန်ယက်ပေါ်မှာ နေ့စဥ်နီးပါးတင်ပေးနေတာကို တွေ့ရပါတယ်။

ဒါကြောင့်လဲ မင်းမော်ကွန်း ရဲ့ ကိုယ်ပိုင်အကောင့် မှာ Follower တွေ ဆက်တိုက်တက်နေတာကြောင့် ပြည်သူတွေကို နားလည်မှု့မလွဲစေဖို့ အခုလိုပဲ ပြောခဲ့ပါတယ်။

” ကျေးဇူးပြုပြီးကျွန်တော့်ကို follow မလုပ်ပါနဲ့ ကျွန်တောတင်တဲ့ post တိုင်းက public ပါ အကုန်မြင်ရပါတယ် သူများကို followers တွေကျအောင်လုပ်ပြီး Followers ရှာနေတယ်တစ်စက်ကလေးမှအပြောမခံနိုင်ပါဘူး

နိုင်ငံရေးခုတုံးလုပ်နာမယ်ကြီးချင်နေတာမဟုတ်ပါ တော်လှန်ရေးမတိုင်ခင်နှစ် နှစ်ဆယ်လောက်ထဲက ကျွန်တော့်အနုပညာကိုအားပေးတဲ့သူတွေရှိပြီးသားပါ

ကျွန်တော်တို့တော်လှန်ရေးကိုနှောက်ယှက်နေတဲ့ ကိစ္စတွေကိုပြောနေခြင်းပဲဖြစ်ပါတယ် ကျေးဇူးပြုပြီး follow မလုပ်ခြင်းဖြင့် ကူညီပေးပါ” လို့ ရေးသားထားပါတယ်။

Zawgyi









