သားသမီးရတနာမရှိသေးချိန်မှာ ချစ်ဇနီးကိုပဲ ကလေးလေးလိုမြင်ပြီးချစ်ရှာတဲ့ ဒါရိုက်တာဏကြီးအကြောင်းပြောပြလာတဲ့ ပိုင်ဖြိုးသု

Unicode

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ကတော့ အနုပညာရှင်တွေပီပီ ရိုက်ကွင်းပေါ်မှာပဲ တွေ့ဆုံပြီး ဖူးစာဆုံခဲ့ကြသူတွေ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုနဲ့ ဏကြီးတို့က ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် ဇန်နဝါရီလအတွင်းမှာ လက်ထပ်ခဲ့ကြပြီး အခုဆိုရင် အိမ်ထောင်သက် (၂) နှစ်နီးပါးရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် အသက် (၈) နှစ်ကျော်ကွာတာမို့ ဒါရိုက်တာဏကြီးကတော့ သူ့ရဲ့ ဇနီးအပေါ် ကလေးလေးတစ်ယောက်လို ချစ်ရှာသူပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပိုင်ဖြိုးသုက ချစ်ဇနီးကို ကလေးလေးတစ်ယောက်လိုပဲ မြင်ချင်တဲ့ ဒါရိုက်တာဏကြီးအကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ဦးရေခဲရေ…ရှင်လည်းမေ့နေမှာစိုးလို့….ေ ဒ်ါသုအသက်(၁၆)နှစ်မဟုတ်တော့ဘူးနော်…. ဘယ့်နှယ့် ဂျင်းဘောင်းဘီအရှည်ကို blouseအင်္ကျီ‌လေးနဲ့တွဲဝတ်မိပါတယ် လူကြီးလိုမဝတ်နဲ့ မလိုက်ဘူး…တဲ့ 🥺

အဲ့တော့ကျွန်မက ပါးရေတွေတွန့်တဲ့အထိ T shirtနဲ့ဘောင်းဘီတိုလေးနဲ့နေရမှာလား 😏 နဂိုကတည်းရှင့်မိန်းမကလူမလေးခွေးမခန့်ပါဆိုမှ…တကယ်ပဲ… 😤” ဆိုပြီး ဒါရိုက်တာဏြီ့းအကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။

ဒါရိုက်တာဏကြီးကတော့ ရင်သွေးလေးကို ပိုင်ဆိုင်ချင်နေပြီဖြစ်ပေမယ့် ပိုင်ဖြိုးသုကတော့ အနုပညာအလုပ်တွေ လုပ်နေရတာမို့ ချစ်ဇနီးကိုပဲ ကလေးတစ်ယောက်လို ချစ်ရှာနေရတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ခင်ပွန်းဆီမှာ ယုယုယယအချစ်ခံရလွန်းတဲ့ ပိုင်ဖြိုးသုကို အားကျနေမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi







