လူတန်းစားတိုင်းဝယ်စားနိုင်ဖို့ ခဲယဉ်းတဲ့ ဟမ်ဘာဂါတွေဝယ်ယူပြီး အလှူသေးသေးလေးတစ်ခု ပြုလုပ်ခဲ့တဲ့ ဖွေးဖွေး

Unicode

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးက လက်ရှိခေတ် အနုပညာလောကမှာတော့ အအောင်မြင်ဆုံး ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်ပါတယ်။

သူမရဲ့ ထူးချွန်တဲ့ အနုပညာစွမ်းရည်ကြောင့် ကျရာဇာတ်ရုပ်အတိုင်းကို စိတ်ရောကိုယ်ပါ ပြောင်းလဲပြီး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် အနုပညာသက်တမ်း (၁ဝ) နှစ်ကျော်အတွင်းမှာတင် အကယ်ဒမီဆု သုံဆုတိတိ ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်ပေမယ့် ဖန်သားပြင်နောက်ကွယ်မှာတော့ သာမာန်လူတစ်ယောက်လို နေထိုင်တတ်တာကြောင့် ပရိသတ်တွေက ပိုလို့တောင် အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

အသက်အရွယ်တစ်ခုရောက်ရှိလာတာနဲ့အမျှ စိတ်အေးအေးချမ်းချမ်းနေပြီး ဘဝကို ကုန်ဆုံးဖြတ်သန်းနေတဲ့ ဖွေးဖွေးက ဒီကနေ့မှာလည်း အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဖွေးဖွေးက လူတန်းစားတိုင်းဝယ်စားနိုင်ဖို့ ခဲယဉ်းတဲ့ ဟမ်ဘာဂါတွေဝယ်ယူပြီး “20 Burgers လိုက်ဝေမယ်။ Little Donation Today ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် မှာ ပရိသတ်တွေ ထပ်တူပီတိဖြစ်စေဖို့ မျှဝေပေးလာပါတယ်။

ဖွေးဖွေးကတော့ ဟမ်ဘာဂါ အလုံး (၂၀) ကို ဝယ်ယူပြီး ကုသိုလ်ထူးတစ်ခုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ စိတ်ကူးကောင်းတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။

ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi






