အောင်လ အပေါ် ကိုဗစ်ရဲ့ သက်ရောက်မှုတွေကို ပြောပြလိုက်တဲ့ ဒေါက်တာခင်ခင်ကြီး

ကိုဗစ်နဲ့ပတ်သက်ပြီး ရေးမယ်လို့ လုပ်နေတာတော့ ကြာပါပြီ သို့သော် မနေ့က အားလုံးချစ်ကြတဲ့ အောင်လအန်ဆန်းရှုံးသွားတော့ စိတ်မကောင်းတာနဲ့ ဖြစ်အောင်ရေးမှပါဆိုပြီး စိတ်ကဖြစ်လာလို့ ပို့စ်တင်လိုက်ပါတယ်။

တကယ်ဆို အောင်လဟာ ကိုဗစ်ဖြစ်ထားတာ သိပ်မကြာသေးပါဘူး သူ့ရဲ့စိတ်ကမာလို့သာ အထဲက သူ့ရဲ့ နှလုံးအဆုတ် ဦးနှောက်က နဂိုအနေအထား ပုံမှန်အဆင့်ထိ ရှိချင်မှရှိပါအုံးမယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသက် ၃၃ နှစ်အရွယ် ယူကရိန်းက ကာယဗလလေ့ကျင့်သင်ကြားပေးသူ ကိုဗစ်ကြောင့် သေဆုံးရတယ်ဆိုတဲ့အကြောင်း စိတ်မကောင်းစွာနဲ့ သတင်းတင်ဘူးပါတယ်။

ဒါနဲ့ပတ်သက်ပြီး WHO က ညွှန်ကြားရေးမှူး Dr. Tedros မနေ့က ပြောတဲ့အကြောင်းအရာမှာလဲ ကိုဗစ်ကူးစက်ခံရသူတွေနဲ့ပတ်သက်လို့ ပြောထားပါတယ်။

သူ့ပို့စ်မှာ လူနာတွေက သူတို့ရဲ့လက်ရှိခံစားနေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြောပြကြတာမှာလဲ ဘယ်လိုခံစားနေရတယ်ဆိုတာ ပြောထားတာ စိတ်မကောင်းစရာဖြစ်တဲ့ အကြောင်းပါပါတယ်။

အကျဉ်းချုပ်တင်ပြရလျှင် လက်ရှိအချိန်မှာ တစ်ချို့တွေက ကိုဗစ်ဟာ ပေါ့သေးသေးပါလို့ ထင်နေကြတာမျိုးတွေရှိနေတာမို့ ဒီလိုမထင်လိုက်ကြပါနဲ့ ကိုဗစ်ခံစားနေရသူတွေထဲက တချို့ဟာ နောက်ဆက်တွဲဆိုးကျိုးတွေ မြောက်မြားစွာ ဆက်လက်ခံစားနေရနိုင်ပါတယ်။

ခံစားရတဲ့ လက္ခဏာတွေဟာ အချိန်နဲ့အမျှ အမျိုးစုံကြိုးခုန်ဖြစ်နိုင်ပါတယ် ခန္ဓာကိုယ်ရဲ့ မည်သည့်နေရာမဆို ဖြစ်နိုင်ပါတယ် ပထမလူနာက အသက် ၂၆ နှစ်ရှိတဲ့ ရှေ့နေဖြစ်ပါတယ် သူရောဂါပိုးကူးစက်ခံရတာ ၈ လရှိပါပြီ ခုသူခံစားနေရတာကတော့ မောပန်းနေတယ် ။

စဉ်းစားတွေးခေါ်မှုနဲ့ဆိုင်တဲ့အာရုံကြောပြသနာရင်ဆိုင်နေရတယ် ရင်ဘတ်အောင့်တယ်/နာတယ် နှလုံးခုန်စီးချက်မမှန်ဘူး အစာချေစနစ်ကောင်းစွာအလုပ်မလုပ်ဘူး မေ့တတ်လျော့တတ်တယ် စသဖြင့်ခံစားနေရကြောင်း စိတ်ပျက်လက်ပျက်ညည်းညူသွားတာကို တွေ့ရပါတယ်။

နောက်တစ်ယောက်ကတော့ လစ်ဗာပူးလ်က ကူးစက်ဗေဒ ပရော်ဖက်ဆာတစ်ယောက်ပါ သူကတော့ ၇ လလောက် ရှိပါပြီ ဒီဗိုင်းရပ်စ်နဲ့ တွန်းလှန်တိုက်ပွဲဝင် တိုက်ထုတ်နေရတာ ကောင်းကောင်း fit မဖြစ်သေးပါဘူး။

နောက်ဆုံးတစ်ယောက်ကတော့ တောင်အာဖရိကက သူနာပြုပါ သူကတော့ ဘယ်လိုမှ အသက်ရှူလို့မရတော့လို့ အောက်ဆီဂျင်ရှူရပြီး ICU ထဲထိရောက်ခဲ့ရပုံရပါတယ် သူဖြစ်တာက ဇွန်လမှာဆိုတော့ ခုအောက်တိုဘာဆိုတော့ လေးလရှိနေပါပြီ။

ခုထိမောမောနေဆဲပါပဲ အသက်ကို ပင်ပင်ပန်းပန်းရှူနေရဆဲပါ သူခုထိ အသက်ရှင်ခွင့်ရတာ ICU ကအဖွဲ့နဲ့ ကျန်းမာရေးဝန်ထမ်းတွေ စုပေါင်းလုပ်ဆောင်လို့ပါပဲလို့ ပြောခဲ့ပါတယ်။

ကိုဗစ်ဟာ တချို့သောသူတွေမှာ တကယ့်ကို နောက်ဆက်တွဲ နာတာရှည်ဆိုးကျိုးများကို ပေးစေနိုင်တာမို့ မပေါ့ဆစေလိုပါ ။

လူနာတွေကို စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ရေးရာမြှင့်တင်ဖို့လိုသလို ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေဖို့လဲ နိုင်ငံတိုင်းကလုပ်ဆောင်ရမှာဖြစ်ပါတယ်လို့ Dr. Tedros က ပြောသွားပါတယ်။

ဒီနေရာမှာ အချုပ်ပြောချင်တာက အရဲမကိုးပါနဲ့ အတင့်မရဲပါနဲ့၊ ကံကိုယုံ ဆူးပုံလဲ မနင်းကြပါနဲ့ ၊သင်တို့ရဲ့အသက်တွေက မိသားစုအတွက် အလွန်တန်ဖိုးရှိသလို နိုင်ငံအတွက်လည်း အများကြီးတန်ဖိုးရှိပါတယ်။

နိုင်ငံတော်တည်ဆောက်ရေးမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာက အရေးပါတဲ့ အခန်းကဏ္ဍက ရှိနေပါတယ်။

ဒါ့အပြင် သင်တို့ကချစ်သော သင်တို့ကို ချစ်သောသူတွေ များစွာရှိနေတာမို့ မိမိကိုယ်ကို ရောဂါမကူးစက်အောင် နေထိုင်ခြင်းသည်သာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဆိုတာ နားလည်လက်ခံပေးပါ။

နောင်တချိန်အေးအေးချမ်းချမ်း ကိုယ့်မိသားစုကပ်ဘေးက လွတ်တဲ့အချိန်အတိုးချပြီး ပျော်ကြလို့ရတာပေါ့ပျော်ရွှင်စရာကောင်းတဲ့သီတင်းကျွတ် အခါသမယဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။