သိန်း ၁၄၀ ကျော်မတည်လှူဒါန်းခဲ့တဲ့ နေဆန်း တို့မိသားစု သိမ် အလှူတော်ကြီး

Unicode

မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်မူ့တွေ ရရှိခဲ့တဲ့ ပရိသတ်အချစ်တော် နေဆန်း ကိုတော့ ပရိသတ်တိုင်း ကြိုက်နှစ်သက်ကြလိမ့်မယ် ထင်ပါတယ်နော်။ နေဆန်း ဟာ ကာရိုက်တာမျိုးစုံကို သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမူ့တွေ မရှိတော့တာပေမယ့် ပရိသတ်တွေကတော့ ချစ်ခင်နေဆဲပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် နေဆန်း ဟာ အိမ်စီးပွားရေးအနေနဲ့ “ချစ်တီးထမင်းဆိုင်” ကို ဖွင့်လှစ်ထားပါတယ်။

သူဟာချောမောလှပတဲ့ ဇနီးချောကို ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းတဲ့ သားလေးနဲ့ သမီးငယ် နှစ်ဦးထွန်းကားခဲ့ပြီး သာယာတဲ့ မိသားစုဘဝလေးကို ရရှိထားပါတယ်။သရုပ်ဆောင် နေဆန်း နဲ့ ဇနီး မချောစု တို့မိသားစု ဟာ တောင်ဒဂုံမြို့နယ်၊ ၁၅၂ ရပ်ကွက် မှာ “သီလဝိသောဓနီ” သိမ်ကြီးကို သိန်း ၁၄၀ မတည်လှူဒါန်းခဲ့ပြီး ဇန်နဝါရီလ (၂၂) ရက်နေ့က သိမ် ရေစက်ချ အလှူတော် မင်္ဂလာကို ပြုလုပ်ခဲ့ပါတယ်။

နေဆန်း တို့မိသားစု ဟာ သိမ် လှူဒါန်းချင်တဲ့ ဇနီးဖြစ်သူရဲ့ မိခင်ဆန္ဒကိုအထမြောက်အောင် မတည်အလှူရှင်အဖြစ် လှူဒါန်းဖြစ်ခဲ့တာပါ။ ဒါအပြင် အခြားသော အလှူရှင်တွေရဲ့စုပေါင်းအလှူငွေ သိန်း ၂၀၀ ကိုလက်ခံရရှိခဲ့ပြီး လိုအပ်နေတဲ့ ငွေပမာဏကို နေဆန်း တို့ မိသားစုမှလှူဒါန်းခဲ့ပါတယ်။

သိမ်ကြီး ရဲ့ဆောက်လုပ်ခဲ့တဲ့ ကုန်ကျငွေကတော့ စုစုပေါင်း သိန်း ၄၀၀ခန့်ရှိပါတယ်။ နေဆန်း တို့ မိသားစုအလှူမှာတော့ အနုပညာအသိုင်းအဝိုင်းမှ အနုပညာရှင်တွေ အပါအဝင် အလှူရှင်တွေ စုံစုံလင်လင် နဲ့ကျင်းပပြီးစီးခဲ့ပါတယ်။

သရုပ်ဆောင် နေဆန်း ကတော့ သိမ် လှူဒါန်းခဲ့တဲ့ နေရာမှာပဲ နောက်ထပ်လဲ နဂါးရုံဘုရားတည်ဖို့ ရည်စူးထားတယ်လို့ သိရပါတယ်။ နေဆန်း တို့မိသားစုဟာ တစ်လတစ်ခါ မိခင်ဖြစ်သူအတွက် လှူဒါန်းဖြစ်ပါတယ်တဲ့။

ပရိသတ်ကြီးရေ သရုပ်ဆောင် နေဆန်း တို့မိသားစု ရဲ့ အကျိုးများတဲ့ သိမ်အလှူကြီးလှူဒါန်းရတဲ့ ကုသိုလ်တွေကို ခုနှစ်ရက်သားသမီးများအားလုံးကို အမျှပေးဝေလိုက်ပါတယ်။ သာဓုအခါခါ ခေါ်ဆိုကြပါစို့နော်။

Zawgyi






