လွန်ခဲ့တဲ့နှစ်တွေက မွေးနေ့လေးတွေပြောရင်း အကျဉ်းထောင်ထဲရောက်နေတဲ့ အိနြ္ဒာကျော်ဇင် ကို သတိရစေခဲ့တဲ့အကြောင်းအရာလေးကိုပါပြောလာတဲ့ ဦးဇာဂနာ

Unicode

လူရွှင်တော်ကြီးတစ်ယောက်လည်းဖြစ်သလို စာရေးဆရာကြီးတစ်ယောက်လည်းဖြစ်တဲ့ ဇာဂနာကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် သူ့ဘဝရဲ့အချိန်တော်တော်များများကို အကျဉ်းထောင်ထဲမှာပဲဖြတ်သန်းခဲ့ရတာပဲဖြစ်ပါတယ်။

ဇန်နဝါရီလ (၂၇) ရက်နေ့ကတော့ ဇာဂနာရဲ့မွေးနေ့ဖြစ်ပြီး ဇာဂနာက သူ့ရဲ့မွေးနေ့မှာ လက်ရှိအကျဉ်းထောင်ထဲရောက်ရှိနေတဲ့ အကယ်ဒမီအိနြ္ဒာကျော်ဇင်ကို ထူးထူးခြားခြားသတိရနေတဲ့အကြောင်း အခုလို ပဲပြောလာပါတယ်။

“သည်နေ့အသက်၆၁နှစ်ပြည့် ပါတယ်။ ၂၇၊၂၉၊၃၀၊၃၁၊၃၂၊၃၃၊၃၄ နှစ်ပြည့်တွေတုန်းက ၊ထောင်ထဲ မှာတစ်ယောက်တည်းဖြတ်သန်းခဲ့ရတယ်။ ဘယ်သူကမှ Hbd မလုပ်ပါဘူး။ သည်လိုပဲ ၄၆နှစ်ကနေ ၅၁နှစ်ထိ မြစ်ကြီးနားထောင်ထဲမှာမွေးနေ့တွေ စီးဆင်းခဲ့တယ်။

သည်တုန်းကတော့ ထောင်နီးနားချင်းတွေ ရှိခဲ့တာပေါ့။ အခုလိုကပ်ဆိုးခေတ်ကျပ်ထဲ၊မွေးနေ့ပွဲလုပ်ရလောက်အောင်၊လိပ်ပြာမသန့်လေတော့၊မွေးနေ့ဆုတောင်းသူအားလုံးကို ကိုယ်စီကိုယ်ငှ ကျေးဇူးမျှလိုက်ပါရဲ့။

စကားမစပ် ပြီးခဲ့တဲ့ ဧပြီလ၂၄ရက်တုန်းက၊အချုပ်ခန်းထဲ မှာ၊အူဝဲ ကို ဟက်ပီးဘတ်သ်ဒေးလို့ပြောခဲ့ဖူးတယ်။သမီးအူဝဲ ကို၊အန်တီမာ့ရင်ခွင်ထဲမှာ ပျော်စရာမွေးနေ့ပါလို့ ပိုင်ပိုင်ကြီး ပြောခွင့်ရပါရစေ။” ဆိုပြီး ပြောလာပါတယ်။

ဇာဂနာကတော့ ဒီကနေ့မွေးနေ့မှာ သူ့ရဲ့အတိတ်ကနေ့ရက်တွေဆီကို ပြန်လည်သတိရနေပြီး သူ့လိုပဲ အကျဉ်းကျခံနေရတဲ့ သမီးငယ် အိနြ္ဒာကျော်ဇင်ကို သတိတရရှိနေတဲ့အကြောင်းကို အကြောင်းတိုက်ဆိုင်စွာပြောလာတာ ပဲဖြစ်ပါတယ်။

Zawgyi





