မေတ္တာမွန်ပရဟိတလူမှုကူညီရေးအသင်းကိုအလှူငွေ (၅)သိန်း လှူဒါန်းပေးခဲ့တဲ့ ချယ်ရီသင်း

Unicode

ပရိသတ်ကြီးရေ ချယ်ရီသင်းကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်မလေးပဲဖြစ်ပါတယ်။

ချယ်ရီသင်းကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ နည်းပါးတဲ့အချိန်မှာ ပရဟိတလုပ်ငန်းတွေကို ပြုလုပ်ပြီး ဖြတ်သန်းနေခဲ့ပါတယ်။
မနေ့က ဇန်နဝါရီလ (၁၃)ရက်နေ့မှာလည်း ချယ်ရီသင်းကတော့ မေတ္တာမွန်ပရဟိတလူမှုကူညီရေးအသင်းကိုအလှူငွေ (၅)သိန်းကျပ်ကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

အလှူလေးကိုတော့ ချယ်ရီသင်းနဲ့ သူ့ရဲ့အလှူရှင်တွေ စုပေါင်းပြီး လှူဒါန်းခဲ့တာဖြစ်ပြီး ဒီအသင်းလေးကတကယ်လည်းလိုအပ်နေရာတွေကိုထိထိရောက်ရောက်ကူညီပေးနေလို့ နိူင်သလောက်ပါဝင်လှူဒါန်းပေးကြဖို့လည်း ချယ်ရီသင်းကလည်း နိမ္ဗာန်ဆော်ထားပါတယ်။

မေတ္တာမွန်ပရဟိတလူမှုကူညီရေးအသင်း အခုလက်ရှိမြေနေရာ အလှူရှင်ရထားပြီး အဆောက်အဦးဆောက်ရန် အလှူရှင်များလိုအပ်နေပါတယ်။ အဆောက်အဦးဆောက်နိုင်ဖို့ကိုလည်း နိုင်သလောက်လှူပေးဖို့လည်း ချယ်ရီသင်းက တိုက်တွန်းထားပါသေးတယ်

Zawgyi



