မန်းရွှေစက်တော်ဘုရားပွဲတော် ကို လူ (၂၀၀) ထက် မပိုတဲ့ ကျန်းမာရေးစည်းကမ်းတွေနဲ့ ကိုက်ညီအောင်ကျင်းပမယ် ဟု ကြေငြာ

Unicode

နှစ်စဥ်နှစ်တိုင်း ကျိတ်ကျိတ်တိုးစည်ကားလျက်ရှိတဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဒီနှစ်မှာတော့ လူ (၂၀၀) ထက် မပိုတဲ့ ကျန်းမာရေးစည်းကမ်းတွေနဲ့ ဖေဖော်ဝါရီ (၅) ရက်နေ့မှာ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်း ကော်မတီက ဆိုပါတယ်။

ဘုရားဖူးမျှော်ခွင့်ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လူဦးရေ (၂၀၀) ထက်မပိုတဲ့ သတ်မှတ်စည်းကမ်းချက်တွေနဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘုရားဖူးအနေနဲ့လာရောက်မယ်ဆိုရင်လည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံထားတဲ့ အထောက်အထားပါမှသာ ဖူး​မျှော်ခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။

အင်္ဂလိပ်လို ဖေဖော်ဝါရီ (၅)ရက် မြန်မာလို တပို့တွဲလဆန်း(၅)ရက်နေ့မှာတော့ မန်းရွှေစက်တော်ဘုရားရဲ့ အထက်စက်တော်ရာ နှင့် အောက်​စက်တော်ရာ တို့ကို ဩဝါဒ ဆရာတော်ကြီးနှင့် တာဝန်ရှိသူအချို့က စတင်ဖွင့်လှစ်မယ်လို့လည်းသိရပါတယ်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဥ်နှစ်တိုင်း တပို့တွဲလဆန်း(၅)ရက်နေ့မှ စတင်ကျင်းပလေ့ရှိပြီး မြန်မာနှစ်ဆန်း(၁)ရက်နေ့အထိ စုစုပေါင်းရက်ပေါင်း(၈၀)ပြုလုပ်လေ့ရှိတယ်လို့သိရပါတယ်။

Zawgyi




