ဂေဟာမှာ လာရောက်လှူဒါန်းထားတဲ့ ပစ္စည်းတချို့ကို အလှူရှင်တွေဒါနမြောက်အောင် ပြန်လည် ဝေမျှ ကုသိုလ်ပြုခဲ့တဲ့ ခိုင်နှင်းဝေ

Unicode

မင်းသမီး ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါ လုပ်ကိုင်ပြီး ဘဝကိုတန်ဖိုးရှိရှိ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်မှာ စွန့်ပစ်ခံရတဲ့ လူမယ်အရွယ် ကလေးသူငယ်တွေကိုလည်း အနာဂတ်အိမ်မက်တွေ တောက်ပလာစေဖို့ ခေါ်ယူပြီး မိခင်အရင်းသဖွယ် ထိန်းသိမ်းစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကတော့ ကလေးအတွက် နွေးထွေးတဲ့ဂေဟာ အဆောက်အဦးသစ်ကိုလည်း ဖွင့်လှစ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ကလေးတွေ ကျယ်ဝန်းတဲ့ ဂေဟာလေးမှာ နေထိုင်လို့ရအောင် ကြိုးစားတည်ဆောက်နိုင်ခဲ့လို့လည်း ခိုင်နှင်းဝေက ကြည်နူး ဝမ်းသာနေရတာ ဖြစ်ပါတယ်။

မကြာခဏဆိုသလို သဒ္ဒါတရား ထက်သန်တဲ့ စေတနာရှင်တွေကလည်း ဂေဟာလေးမှာ ကလေးတွေလိုအပ်တာတွေကို လာရောက်လှူဒါန်းပေးကြတာ ဖြစ်ပါတယ်။ ယခုမှာတော့ မင်းသမီး ခိုင်နှင်းဝေက အသစ်ဖွင့်လှစ်နိုင်ခဲ့တဲ့ သူမရဲ့ ဂေဟာလေးမှာ ကြည်နူးစရာအလှူလေး ပြုလုပ်ခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။

ဒါကတော့ သူမ ဂေဟာမှာ လာလှူထားတဲ့ ပစ္စည်းတချို့ကို အလှူရှင်တွေ ဒါနမြောက်အောင် လိုအပ်တဲ့သူတွေ လက်ထဲကို ကုသိုလ်ပြု ပြန်လည်မျှဝေ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ အလှူပုံရိပ်တွေမှာတော့ အနီးအနားက အလှူခံပုဂ္ဂိုလ်များကလည်း ကြိတ်ကြိတ်တိုးအောင် လာရောက်ခဲ့တာကို တွေ့မြင်ရပါတယ်။

ခိုင်နှင်းဝေ ရဲ့ အလှူလေးဟာ တကယ့်ကို ပီတိဖြစ်စရာ ကုသိုလ်လေးဖြစ်တာကြောင့် ပရိသတ်တွေ ထပ်တူ သာဓု ခေါ်ဆိုနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi




