” ဒီနှစ်မွေးနေ့ကတော့ ဒီလောက်ပါပဲ”ဆိုတဲ့ ပြည်သူ့အချစ်တော် မြနှင်းရည်လွင် ရဲ့ မွေးနေ့

Unicode

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး မြနှင်းရည်လွင် ကတော့ အနုပညာလောကကို မော်ဒယ်ဓာတ်ပုံတွေ ရိုက်ကူးရင်းဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနာမည်ကြီး လူကြိုက်များလာခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

MRTV-4 က ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” ငွေစက္ကူခုနှစ်ရွက် ” ဆိုတဲ့ဇာတ်လမ်းတွဲမှာ ထူးခြားတဲ့ အိုက်တင်တွေနဲ့ အကောင်းမွန်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေအားပေးမှု့ကို ရရှိခဲ့ပါတယ်။

ဒါအပြင် သူမဟာမြန်မာဝတ်စုံလေးတွေကိုသာ မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်ပြီး ပြည်သူတွေအားလုံးလေးစားချစ်ခင်ရတဲ့ အမေဒေါ်အောင်ဆန်းစုကြည် နဲ့ မျက်နှာပေါက်ချင်းဆင်တာကြောင်းလဲ ပရိသတ်တွေက ပိုမိုသတိထားမိပြီး ချစ်ခင်အားပေးလာခဲ့ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့က တော့ ပြည်သူ့အချစ်တော် မင်းသမီးချောလေး မြနှင်းရည်လွင် ရဲ့ ၃၅ နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့လေးနဲ့ပတ်သတ်ပြီး ” ကျမ အသက် ၃၅ နှစ်ပြည့်ပါပြီ

ဒီနှစ်မွေးနေ့ကတော့ ဒီလောက်ပါပဲ ” လို့ မြနှင်းရည်လွင် ဟာ သူမရဲ့လူမှု့ကွန်ယက်မှာ ခပ်ပြတ်ပြတ်ရေးသားထားတာကို တွေ့ရပါတယ်။ သူမရဲ့ပိုစ်အောက်မှာ အနုပညာရှင်တွေ နဲ့ ချစ်တဲ့ပရိသတ်တွေက မွေးနေ့ဆုတောင်းစကားလေးတွေကို ပြောထားတာကိုတွေ့ရပါတယ်။

လက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မင်းသမီးလေး မြနှင်းရည်လွင် ဟာ တိုင်းပြည်အတွက် တာဝန်တွေကိုကြိုးစား ထမ်း‌ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရိသတ်တွေက ဘေးကင်းကျန်းမာစေဖို့ နေ့စဥ်ဆုတောင်းပေးနေကြတာလဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော် မြနှင်းရည်လွင် ရဲ့ ၃၅ နှစ်ပြည့် မွေးနေ့ကို ဆုတောင်းစကားလေးတွေ ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။ မင်းသမီး‌လေး မြနှင်းရည်လွင် မွေးနေ့မှစပြီး ဘေးကင်းကျန်းမာပြီး လိုချင်တဲ့ဒီမိုကရေစီပန်းတိုင်ကို အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi






