မွေးနေ့ အမှတ်တရ အနေနဲ့ ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံ ဂေဟာမှာ အလှူငွေများစွာ လှူဒါန်းခဲ့တဲ့ ရဲလေး

Unicode

မြန်မာပြည်က လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးတဲ့အဆိုတော်တစ်ဦး ဖြစ်တဲ့ ရဲလေး ဟာ ထိမိပြီးကိုယ်တိုင်ရေးသားထားတဲ့ စားသားလန်းလန်းတွေနဲ့ ပရိသတ်ရင်ကို ထိရှစေခဲ့တဲ့ ဖျော်ဖြေနိုင်မူကြောင့်

အချိန်အနည်းငယ်မှာတင် လူငယ်ပရိသတ်တွေရဲ့ တစ်ဟုန်ထိုး အားပေးမှုကို အခိုင်အမာရထားတဲ့ Hip Hop လူငယ် ရက်ပ် အဆိုတော်တစ်ဦး ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ သူရဲ့ အလွမ်းအဆွေးအချစ်သီချင်းလေးတွေကို ပရိသတ်တွေရင်ထဲရောက်အောင် သီဆိုတတ်သူလေးဖြစ်ပြီး

သူရဲ့ သီချင်းလေးတွေကိုလည်း ဆယ်ကျော်သက်လူငယ်တွေ အသည်းစွဲကြိုက်နှစ်သက်ကြပါတယ်။
အခုလည်း သူရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံ ဂေဟာ လေးမှာ အလှူငွေများစွာ လှူဒါန်းခဲ့ပါတယ် ။

ဒီလို လာရောက် လှူဒါန်းလို့ ပီတိဖြစ်မိကြောင်းကိုလည်း ခိုင်နှင်းဝေက ” ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံ ဂေဟာသို့ သရုပ်ဆောင် အဆိုတော် ကိုရဲလေး မှ မွေးနေ့အလှုအဖြစ် ကလေးများအတွက် အလှုငွေ (150,000 Kyat)တစ်သိန်းငါးသောင်းကျပ် လှုဒါန်း၍ လက်ခံရရှိပါတယ်ရှင်🙏

အလှူရှင် တယောက်စီတိုင်း ကို မခိုင်နှင်းဝေနှင့် အသင်းသူ/ သားများ မှ အထူး ကျေးဇူးတင်ရှိပါတယ်ရှင် ၇)ရက်သားသမီးများ အားလုံး စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်း နဲ့ ပြည်စုံကြပါစေ…ကပ်ရောဂါ အပေါင်းမှလဲ ကင်းဝေနိုင်ကြပါစေရှင့်🙏 ” ရေးသားဖော်ပြထားရာ သာဓု သုံးကြိမ်ခေါ် ဆိုရင်း ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi





