မကြာခင်က ဖွင့်လှစ်ထားတဲ့ ဂေဟာသစ်လေးဆီသို့ ကလေးတွေခေါ်ပြီး ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ ခိုင်နှင်းဝေ

Unicode

မင်းသမီး ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေထက် လူမှုရေးအကျိုးပြု ပရဟိတ လုပ်ငန်းတွေကို စိတ်ရောကိုယ်ပါ လုပ်ကိုင်နေသူဖြစ်ပြီး ဘဝကိုတန်ဖိုးရှိရှိ လျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက်လည်း ခုနှစ်ရက်သားသမီးများရဲ့ စုပေါင်းကုသိုလ်များဖြင့် တစ်ထောင့်တစ်နေရာကနေ တတ်နိုင်သလောက် ကူညီလှူဒါန်းမှုတွေလည်း ပြုလုပ်ပေးတာ တွေ့ရပါတယ်။

ဒါ့အပြင် အနယ်နယ်အရပ်ရပ်မှာ စွန့်ပစ်ခံရတဲ့ လူမယ်အရွယ် ကလေးသူငယ်တွေကို သူတို့ရဲ့အနာဂတ်အိမ်မက်တွေ တောက်ပလာစေဖို့ ခေါ်ယူမွေးစားပြီး မိခင်အရင်းသဖွယ် ထိန်းသိမ်းစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ သူမရဲ့ ကလေးငယ်တွေအတွက် ကျယ်ကျယ်ဝန်းဝန်းနဲ့ နေထိုင်နိုင်အောင် နွေးထွေးလှတဲ့ဂေဟာ အဆောက်အဦးသစ်ကိုလည်း ဖွင့်လှစ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခိုင်နှင်းဝေဟာ အသစ်ဆောက်လုပ်ထားတဲ့ ဂေဟာသစ်ရှိရာသို့ ကလေးငယ်တွေခေါ်ပြီး ပြောင်းရွှေ့နေကြပြီဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ ဂေဟာသစ်လေး ပြောင်းရွှေ့နေကြတဲ့ ပုံရိပ်လေးတွေကတော့ မြင်ရသူတိုင်း ကြည်နူးစရာဖြစ်ရပါတယ်။

“ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” အသစ်ကတော့ တောင်ဒဂုံ၊(၁၀၄)ရပ်ကွက် ၊မင်းရဲကောင်းပုံစျေးအနီး ၊ရွှေဂျိုးဖြူ နှင့် ရွှေဟင်္သာလမ်းထောင့် ၊အမှတ် (၁၄၈၅) ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi





