အောက်တိုဘ ၁၄ ရက်နေ့ မှာ ရုံးထုတ်ရင်း သိခဲ့ရတဲ့ ရဲတိုက် ရဲ့ အမှုအခြေအနေနဲ့ လက်ရှိကျန်းမာရေး

Unicode

ရဲတိုက် အမှု သက်သေ ထွက်မည့် တပ်ကြပ် ဆိုင်ကယ် မတော်တ ဆဖြစ်၍ အမှု မစစ်နိုင်ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၁ သရုပ်ဆောင် ရဲတိုက်အား မရမ်း ကုန်းမြို့နယ် တရားရုံးတွင် စွဲဆိုထားသည့် အမှု ရုံးချိန်းကို ယနေ့ (အောက်တို ဘာလ ၁၄ ရက်) အင်းစိန်ေ ထာင်တွင်း အထူး တရား ရုံး၌ ပြုလုပ်ခဲ့သည်။

ရုံးချိန်းတွင် တရားလိုြ ပသက်သေ မရမ်းကုန်းမြို့န ယ်ရဲစခန်းမှ တပ်ကြပ်ကြီး အေးလွင်အား စစ်ဆေးရန် ချိန်းဆိုထားသော်လည်း အမှု ထွက်ဆိုရန် လာရောက်စဉ် ဆိုင်ကယ် မတော်တဆ ဖြစ် ပွားခဲ့ခြင်းကြောင့် အမှုမ စစ် ဆေးနိုင်ဘဲ ရွှေ့ဆိုင်းခဲ့ရကြောင်း ရဲတိုက်၏ ရှေ့နေဖြစ်သူ ဥပေဒအကြံပေး ဦးခင်မော င်မြင့်ထံကသိရသည်။

ဦးခင်မောင်မြင့်က “မရမ်းကုန်းမြို့နယ် တရားရုံးမှာ ချိန်းဆိုထားတဲ့ မူးယစ်/ စိတ်ပြောင်း ပုဒ်မ ၁၆ (ဂ) ပေါ့။ အဲဒါအတွက် ရုံးထုတ်ပါတယ်။ ဒါပေမယ့် တရားလိုပြသ က် သေ တပ်ကြပ်ကြီး အေးလွင် ထွက်ဆိုဖို့အတွက် ရုံးကိုလာနေရင်း လမ်းမှာ ဆိုင်ကယ် မတော်တဆမှု ဖြစ်သွားလို့ ရုံးချိန်းကို နောက်တကြိမ် ပြန်ချိန်းလို က်တယ်” ဟုပြောသည်။

ရဲတိုက်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ၎င်းက “မနေ့ကထိတော့ ကျန်းမာရေး ကောင်း တယ်။ ဒီနေ့တော့ ချွေးထွက် လွန်ပြီးတော့ ခေါင်းမူးနေလို့ ဆေးတို က်ရတယ်။ ပြန်သွားတဲ့အချိန်တော့ နည်းနည်းသက် သာတယ်။

ကျနော်တို့ ရုံးထုတ်တဲ့အခါမှာ ကိုဗစ်ကာကွယ် ရေးအတွက် PPE အပြည့်အစုံ ဝတ်ရတယ်။ ဒီနေ့မှာ နေကလည်းပူနေတော့ ချွေးထွက်လွန်ပြီး ခေါင်းမူးတာ” ဟု ပြောသည်။

သရုပ်ဆောင် ရဲတိုက်အား လက်ရှိတွင် အင်းစိန် အကျဉ်း ထောင် သီးသန့်ဆောင်တွင် ထားရှိပြီး ထောင်တွင်း အဆောင်၂ ဆောင် ပြောင်းခဲ့ရသည်ဟု သိရသည်။

သရုပ်ဆောင်ရဲတိုက်ကို စစ်ကောင်စီက ဧပြီလ ၃ ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံတွင် ဖမ်းဆီးခဲ့ပြီး လသာမြို့မ ရဲစခန်းတွင် ပုဒ်မ ၅၀၅(က) ၊ မရမ်းကုန်းမြို့မ ရဲစခန်းတွင် မူးယစ်ပုဒ်မ ၁၆(ဂ) ဖြင့် တရားစွဲဆိုထားသည်။

Zawgyi






