အကုသိုလ် ကင်းကင်းနဲ့ အိမ်ထဲကို ကြွက်တွေ မလာအောင် လုပ်တဲ့ နည်းလမ်းကောင်းများ

Unicode

သင့်အိမ်ကို ကြွက်မလာအောင် ဒီနည်းကလည်း စာဖတ်ရင်း ရလာတဲ့ ဗဟုသုတပါ စာမဖတ်၊ ဗဟုသုတ မရှာခဲ့ရင် ခုလို ကူညီနိုင်မှာမဟုတ်ပေ ယခုတင်ဆက်ပေးသော အကြောင်း အရာကို

သဘောကျတယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့အတွက် တောင်းဆိုပါရစေ လူကြီး မင်းတို့ရဲ့ အားပေးမှုတျွေက ကျွန်ုပ်တို့အတွက် ဆက် လက်တင်ဆက်ပေးဖို့အတွက် ခွန်းအားသစ်တွေရရှိပါတယ် ။

အစားအစာ ရှိတဲ့ နေရာမှာ ကြွက်တွေပျော်ကြပါတယ် အထူးသဖြင့် ၎င်းတို့အတွက် အစာရှာရလွယ်ကူတဲ့ နေရာမျိုးဆို မိသားစုလိုက် အုပ်လိုက်ကျင်းလိုက် နေတတ်ပါတယ် ကြွက်က လူတွေအတွက်

ကျန်းမာ ရေးကို ထိခိုက်စေနိုင်တယ်လို့ အား လုံးက သိပြီးသားပါ အ ကုသိုလ် ကင်းကင်းနဲ့ အိမ်မှာ ကြွက် မနေနိုင်အောင်လုပ်ဖို့ အလွယ်ဆုံး နည်းတွေကို ဖော်ပြပေးလိုက်ပါတယ် ။

ငရုတ်ဆီ

ဂွမ်းစတွေကို အလုံးကလေးတွေလုံးပြီး ငရုတ်ဆီနဲ့ ဆွတ်ကာ ကြွက်တွေကျင်လည်ရာ တစ်လျှောက်မှာ ချထားလိုက်ပါ ကြွက်တွေ က ငရုတ်ဆီကို ကြောက်ကြပါတယ်။

လေးညှင်းပွင့် နှင့် လေးညှင်းဆီ

ကြွက်တွေမခံနိုင်တဲ့ အနံ့ထဲမှာတော့ လေးညှင်းနံ့လည်း ပါဝင်ပါတယ် လေးညှင်းနံ့ ရှိတဲ့ နေရာဆို ရင် ကြွက်တွေက နောက်တစ်ကြိမ် ထပ်မလာတော့ဘူးလို့ သိရှိရပါတယ် လေးညှင်းပွင့် လေးညှင်းဆီကတော့ အိမ်အတွက် အကောင်း ဆုံး ဖြစ်ပါတယ် ။

ပရုတ်လုံး

ပရုတ်လုံးထည့်တဲ့ သေတ္တာ လေးတွေကို ကြွက်နေတတ်တဲ့ နေရာနဲ့ ကြွက်ရောက်တတ်တဲ့ နေရာတွေမှာ ချထားလိုက်ပါ ကြွက်တွေ အိမ်ဘက်ကိုတောင် ခြေဦးမလှည့် စေတော့တဲ့အထိ ပရုတ်လုံးက စွမ်းပါတယ်

ငရုတ်ဆီ စပရေး

ဆပ်ပြာမှုန့်ကို ရေနဲ့ နှစ်ဆတစ်ဆ ရောစပ်ပြီး ဖျော်လိုက်ပါ ငရုတ်ဆီ အနည်းငယ်ထည့်ပြီး စပရေးဘူးထဲကို ထည့်ပြီး ကြွက်ရောက်နိုင်တဲ့ နေရာတွေမှာ ဖျန်းပေးပါ ။

သုံးလေးရက် တစ်ခါလောက်မှ ဒီနည်းကို သုံးလဲရပါတယ် ဆပ်ပြာ မှုန့်က ငရုတ်ဆီရဲ့ အရည်အသွေးကို သုံးလေးရက်လောက် ထိန်းပေးထားနိုင်လို့ စရိတ်သက်သာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ် ။

အထက်ဖော်ပြပါ ကြွက်ပြေးနည်းကိုအခြားသူများလဲ သိရှိသွားအောင် ပြန်လည်မျှဝေပေးကြပါ ယခုလို အချိန်ပေး ဖတ်ရှု ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို လေးစားစွာဖြင့် အထူးပင် ကျေးဇူးတင်ရှိပါတယ် ။

Zawgyi






ငရုတ်ဆီ




ပရုတ်လုံး


ငရုတ်ဆီ စပရေး


