ခေတ်ကာလအကြပ်အတည်းမှာ ငွေပိုငွေလျှံထွက်စေတဲ့ ငွေစုနည်း

Unicode

အခုပြောပြမယ့် နည်းလမ်းလေးကတော့ ကျနော့ကိုယ်ပိုင်နည်းလမ်းလေးဖြစ်လို့သဘောထားမတိုက်ဆိုင်ရင် မိမိအတွက်အဆင် ပြေမည့်နည်းလမ်းနဲ့ လုပ်သွားပါလို့ပြောချင်ပါတယ်။

စုဗူးလေးလုပ်ပါ

စုဗူးဆိုပြီးကြီးကြီးကျယ်ကျယ်တွေမလုပ်ပါနဲ့။ဘူးလေးတစ်ဘူးထဲ ထည့်ပြီးပဲစုပါ အလွယ်တကူဖွင့်လို့ရမယ့်ဗူးလေးနဲ့ပဲစုပါ။

ပိုမှစုပါ

လူ့ဘဝကြီးဆိုတာအရမ်း တို တောင်းပြီး ဘယ်နေ့သေမလဲဆိုတာ မသိတဲ့အတွက် ကိုယ့်မုန့်ဖိုးနဲ့ချင့်ချိန်ပြီး စားချင်တာလေးတွေဝယ်စားပါ။

အိမ်ရောက်တယ့်အခါကိုယ်ဒီနေ့ဘယ်လောက်ပိုလဲပိုသလောက်ကိုအဲ့ဗူးထဲထည့်ပါ 50 ပိုလည်း 50 ပဲထည့်ပါ။

အသုံး နဲ့ အဖြုန်း

အပေါ်မှာပြောခဲ့သလိုစားချင်တာလေးတွေစားပါဆိုတာ ကိုယ်ဒီနေ့တော့ဒါလေးစားချင်တယ်ဆိုပြီးစားလိုက်တာမျိုးက အသုံးပါ။

အဖြုန်းဆိုတာက ကိုယ့်အတွက် မလိုအပ်ပဲ သူများနဲ့ယှဉ်ပြိုင်လိုပြီးဝယ်လိုက်တာမျိုးပါ ဥပမာ သူငယ်ချင်းတစ်ယောက်က Nike ဖိနပ်စီးလို့

ငါလည်းစီးမယ်ဆိုတာမျိုးမလုပ်ပါနဲ့ ကိုယ်တကယ်ကောလိုအိပ်လား မဝယ်ရင်ကောဘာဖြစ်နိုင်မလဲဆိုတယ့်မေးခွန်း ၂ ခုကိုပေးမေးပါ။

ပြန်လည်ရေတွက်ပါ

ကိုယ်ပိုတာလေးတွေနေ့တိုင်းထည့်ပြီးစုလာတာကို ၁ ပတ် တစ်ခါ ရေတွက်ကြည့်ပါ ဘယ်လောက်ရရ အရမ်းပျော်ရသလို ပြန်စဉ်းစားပါ

တကယ်လို့သာဒါကြီးမဝယ်လိုက်ရင် ဒီဗူးထဲမှာ အများကြီးဖြစ်နေပြီဆိုပြီး ပြန်ချင့်ချိန်ပါ (ကပ်စေးနည်းလာပါလိမ့်မယ်)

ဗိုက်ထဲမှာမစုပါနဲ့

တစ်ချို့ကြဗိုက်ထဲမှာစုကြတာများပါတယ် ကိုယ့်မိဘကဘယ်လောက်ပိုက်ဆံရှိရှိတစ်ချို့ရက်လေးတွေမှာ ချင့်ချိန်ပြီးစားကြည့်ပါ။

အရမ်းစျေးကြီးတာတွေကိုနေ့တိုင်းနေ့လည်စာလို ညစာလိုစားတာမျိုးတွေကိုရှောင်ပါ အဲ့ဒီကပိုတဲ့ ပိုက် ဆံတွေ ဗူးထဲထည့်ရတဲ့ အချိန်အရမ်းပျော်ဖို့ကောင်းပါတယ်။

3 ပုံခွဲပါ

ဥပမာ ပိုက်ဆံစုလာလို့ ၁၅၀၀၀ ရပြီဆိုရင် 5000ကိုမိဘကိုတစ်ခုခုဝယ်ပေးပါ နောက် 5000 ကို ကိုယ်လိုချင်တာဝယ်ပါ နောက် 5000 ကိုဗူးထဲမှာပဲဆက်ထားပါ ဆက်စုပါ။

ဒါကတော့စုနည်းတွေနဲ့ကပ်စေးနဲ နည်းတွေပဲဖြစ်ပါတယ် ကြိုက်တယ်ဆိုအခုပဲဗူးတစ်လုံးရှာပြီး ၅၀ ရှိရင် ၅၀ ထည့်လိုက်ပါ ကိုယ်ပိုင်နည်းလမ်းရှိရင်လည်းမျှဝေခဲ့ပါဦး

Zawgyi



စုဗူးလေးလုပ်ပါ


ပိုမှစုပါ



အသုံး နဲ့ အဖြုန်း




ပြန်လည်ရေတွက်ပါ



ဗိုက်ထဲမှာမစုပါနဲ့


အရမ်းဈေးကြီးတာတွေကိုနေ့တိုင်းနေ့လည်စာလို ညစာလိုစားတာမျိုးတွေကိုရှောင်ပါ အဲ့ဒီကပိုတဲ့ ပိုက် ဆံတွေ ဗူးထဲထည့်ရတဲ့ အချိန်အရမ်းပျော်ဖို့ကောင်းပါတယ်။

3 ပုံခွဲပါ

