အမှန်တရားအတွက် ရပ်တည်ပြီး အားလုံးပါဝင်ပေးကြဖို့ တိုက်တွန်းလာတဲ့ သရုပ်ဆောင် ဇဏ်ခီ

Unicode

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ဇဏ်ခီနဲ့ခရစ်စတီးနားခီကတော့မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေကိုနိုင်ငံတကာထိအောင်မြင်အောင်ကြိုးစားခဲ့ကြတဲ့သူတွေပါ။

ဒါအပြင်ဇဏ်ခီကတော့ကျရာဇာတ်ရုပ်တိုင်းမှာသဘာဝကျအောင်သရုပ်ဆောင်နိုင်ပြီးမြန်မာပရိသတ်တွေအားပေးလက်ခံခဲ့ကြတာလည်းဖြစ်ပါတယ်။

ဇဏ်ခီနဲ့ခရစ်စတီးနားခီကတော့မြန်မာဒီမိုကရေစီဖော်ဆောင်ရေးမှာအားကြိုးမာန်တတ်ပါဝင်ခဲ့တဲ့သူတွေပါ။လက်ရှိမှာဇဏ်ခီကတော့အမေရိကန်နိုင်ငံသားခံယူထားတဲ့သူတစ်ယောက်ဖြစ်ပြီးအမေရိကန်ကိုပြန်ဖို့ကစစ်တပ်ကခွင့်မပြုဘဲနေအိမ်အကျယ်ချုပ်ထားတာလည်းဖြစ်ပါတယ်။

ဇဏ်ခီတို့ကတော့အခုချိန်မှာနေအိမ်အကျယ်ချုပ်ကလွတ်လာပေမယ့် အမေရိကန်နိုင်ငံကိုတော့ပြန်လို့မရသေးပါဘူး။ဒီနေ့မှာတော့ဇဏ်ခီက ig မှာပြည်သူတွေကိုအားပေးစကားပြောလာပါတယ်။

ဇဏ်ခီကBob Marleyသီချင်းထဲကအတိုင်းလူအားလုံးကိုတစ်ချိန်လုံးလှည့်စား၍မရပါ။အမှန်တရားအတွက်ရပ်တည်ပြီးကစားပွဲကိုနောက်ထပ်အဆင့်တစ်ခုမြှင့်လိုက်ပါ။အကောင်းတွေလွှမ်းမိုးနိုင်ပါစေ။အဆိုး​တွေပျောက်ကွယ်သွားပါစေဆိုပြီးဆုတောင်းပေးနေတာလည်းဖြစ်ပါတယ်။

Zawgyi




