၀ရမ်းပြေးနေရတဲ့ သရုပ်ဆောင်အလင်းရောင်အတွက် အားဆေးတစ်ခွက်

Unicode

ပရိတ်သတ်ကြီရေ အခုတစ်ခါမှာ ဆိုရင်တော့ သရုပ်ဆောင် အလင်းရောင်အတွက်ဘေးကင်းပြီး ကျန်းမာပါစေလို့ အမာခံပရိတ်သတ် တစ်ဦးက အခုလို ထူးထူးခြားခြား ဆုတောင်း ပေးလိုက်ပါတယ်နော်။

သို့ ကိုအလင်းရောင် ကျန်းမာရေးကောင်းရဲ့လား တကယ်စိတ်ပူ မိတယ်အစ်ကို ၅၀၅နဲ့ဖမ်းဝရမ်း ထုတ်ခံရတယ်အစ်ကိုသူတို့ မိသွားမလားဆိုပြီး စိတ်ပူနေမိတယ်စိတ်ရင်းနဲ့ ဆုတောင်းနေမိတယ်

ကျန်းမာရေး ကောင်းပြီး သူတို့တွေ့ မတွေ့နိုင် မရှာနိုင်တဲ့ နေရာမှာ ရောက်နေပါစေလို့အမြဲတမ်းသူတစ်ပါး အပေါ် ဂရုစိုက်တက်တဲ့အစ်ကို​​ ဘေးကင်းမယ်ဆိုတာ ၁၀၀ရာခိုင်နှုန်း ယုံကြည်ပါတယ်

အစစအရာရာ ဂရုစိုက်ပါနော် ဒီနိုင်ငံရေး အခြေအနေကြီး စစ်အာဏာရှင် ပြုတ်ကျသွားတဲ့တစ်နေ့အရင်လို ကျန်းကျန််းမာမာနဲ့ TVဖန်သားပြင်ထက်မှာ ပြန်တွေ့ချင်တယ်

ဒီအရေးက ဘယ်နေ့ ပြီးမလည်း မသိပေမဲ့ အောင်မယ်ဆိုတာ အစ်ကိုလိုဘဲ ယုံကြည်ပါတယ်ဘာတစ်ခုမှ မကောင်းတဲ့ ဒီအခြေအနေမှာ အများကြီး မပျော်နိုင်ရင်တောင် စိတ်တွေညစ်မနေပါနဲ့ဒီအရေး အောင်မယ့်ဆိုတာလေးကိုဘဲ တွေးနေလိုက်ပါ

ဒီစာကို အစ်ကိုဖတ်မလား မဖတ်ဘူးလား
မသိပေမဲ့ အစ်ကိုအတွက် ရည်ညွှန်းပြီးရေးလိုက်ပါတယ်နော် စိတ်ခွန်အားကို အမြင့်ဆုံးမှာ ထားပေးပါ Fighting နော်အမြဲသတိရ နေပါတယ်နော်

My Light From Fan girl To Alinnyaung ဆိုပြီးရေးသားဖော်ပြ ထားပါတယ် စာဖတ်ပရိတ်သတ် ကြီးများအတွက်ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်နော်။

Zawgyi






