ချစ်ရတဲ့ သားသမီးတွေနဲ့အတူ ပျော်ရွှင် ကြည်နူးစရာ အချိန်လေးတွေကို ဖန်တီးခဲ့တဲ့ ခိုင်နှင်းဝေ ချစ်စရာလေးတွေ ပျော်နေကြတာ 🥰

Unicode

ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ ပရစိတ အလုပ်တွေကို ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ ခုလို ကာလမှာ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက်လှူဒါန်းနေတာ တွေ့ရပါတယ်။

ဒီလို အလုပ်တွေ မအားလပ်တဲ့ ကြားကနေမှ ချစ်ရတဲ့ သားသမီးတွေ အတွက်လည်း မိခင်ရင်းသဖွယ် ကြင်နာစောင့်ရှောက်မှုတွေကို လုပ်ပေးတတ်ပါသေးတယ် ။

ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတဲ့ အပြင် ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံနေခဲ့ပါတယ် ။

အခုလည်း ချစ်ရတဲ့ သားတွေ သမီးတွေကို အချိန် အပြည့်အဝပေးကာ အတူတူ ဆော့ကစားပေးရင်း ပျော်ရွှင်စရာ အချိန်လေးတွေကို ဖန်တီးခဲ့ပါတယ် ။ ကလေးတွေနဲ့ အတူ ဆော့ကစားနေတဲ့ ပုံရိပ်တွေနဲ့ အတူ ” ဘာပဲ လှူလှူ ပုဂ္ဂိုလ်စွဲ မရှိ စိတ်ဖြတ်ပြီး လှူပါတယ်.

.ဘယ်အလုပ်ပဲ လုပ်လုပ် မျှော်လင့်စိတ် ဖြတ်ပြီး လုပ်ပါတယ်..ပီတိကိုသာ စားပြီး မေတ္တာပေးလို့ သံသရာမှာ အေးချမ်းစွာ ကျင်လည်ချင်ပါတယ်..အသက်ရှင်သမျှ ကိုယ့်နောက်ပါတာ လုပ်သွားရင်း ပေးနိုင်သလောက် ပေးဝေမျှချင်ပါတယ်..

စိတ်ရော လူရော အေးချမ်းချင်ပါတယ်..” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Zawgyi





