မကြာခင်ကျရောက်တော့မယ့် သူ့မွေးနေ့လေးမှာ အဆင်မပြေတဲ့သူတွေကို ဖေးမရင်း ကုန်ဆုံးချင်တယ်လို့ ဆိုလာတဲ့ ဆီနွန်..

Unicode

ဖိလစ်ပိုင် cat walk မော်ဒယ်တယောက်ဖြစ်တဲ့ Sinon Loresca ကို လူတိုင်းသိကြမယ်ထင်ပါတယ်နော်.. သူဟာ ဒေါက်အမြင့်ကြီးတွေကို စီးပြီးအလွန်သက်သောင့်သက်သာဖြစ်တဲ့ပုံစံနဲ့ Catwalk လျှောက်ပြရာမှ နာမည်ကျော်ကြား အောင်မြင်လာသူတစ်ဦးဖြစ်ပါတယ်။

သူကတော့ စိတ်ထားအရမ်းကောင်းပြီး ချို့တဲ့နေတဲ့ မြန်မာပြည်သူတွေကို အမြဲဖေးမပြီး ဘာသာတရားမခွဲ ခြားဘဲ အမြဲတမ်းလှူတန်းနေတတ်တဲ့သူတဦးဆိုလည်း မမှားပါဘူးနော်..

မြန်မာနိုင်ငံမှာ အကြာကြီးနေသွားခဲ့ပြီး မိခင်နိုင်ငံထက်တောင် အစစအရာရာ အလှူအတန်းရော ကူညီမှုတွေရောကို ကြုံသလို အမြဲကူညီပေးနေတဲ့သူတယောက်ပဲဖြစ်ပါတယ်နော်.

အခုအချိန်မှာတော့ စီနွန်က မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှုကိစ္စနဲ့ ဆက်နေထိုင်ဖို့ အဆင်မပြေတော့လို့ မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိနေတာပဲဖြစ်ပါတယ်..

ဒီနေ့ကလေးမှာတော့ ဆီနွန်က ပြီးခဲ့တဲ့နှစ်က သူကျင်းပဲခဲ့တဲ့ မွေးနေ့ပွဲက ပုံလေးတွေကို တင်ပေးလာရင်း မြန်မာနိုင်ငံက ဘဝပေးကံမကောင်းသူများနှင့် အတူတူရှိချင်ပါတယ်လို့ ဆိုလာတာဖြစ်ပါတယ်..

ပုံလေးတွေကို ကြည့်ခြင်းအားဖြင့် အားငယ်နေတဲ့သူတွေကို လူတန်းစားမခွဲခြားဘဲ နွေးထွေးမှုပေးတတ်တဲ့ ကြင်နာတတ်တဲ့ စီနွန်ရဲ့ အတွင်းစိတ်ကို မြင်ရမှာပဲဖြစ်ပါတယ်နော်..

စိတ်ထားကောင်းတဲ့ စီနွန်လေး လာမယ့်မွေးနေ့မှာ သူဖြစ်ချင်သလိုအမြန်ဆုံးမြန်မာနိုင်ငံကိုပြန်လာပြီး မွေးနေ့ပွဲလေးကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်..

ပရိတ်သတ်ကြီးလည်း ကပ်ရောဂါဆိုးအပေါင်းမှာ ကင်းဝေးပြီးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ ဆု​ေ တာင်းပေးလိုက်ပါတယ်နော်…

Zawgyi







