ဆန်၊ဆီ၊ကြက်ဥစတဲ့ စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ ဝါဆိုမိုးဦး

Unicode

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ ဒီနေ့မှာ စားသောက်ကုနလှူဒါန်းတဲ့ အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

ဝါဆိုကတော့ အခုလို ကပ်ဘေးတွေကြောင့် စားဝတ်နေရေးကျပ်တည်းနေတဲ့ ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ အဆင်ပြေစေဖို့ ရည်ရွယ်ပြီးအခြေခံလူတန်းစားတွေအတွက် အခြေခံစားသောက်ကုန်တွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဝါဆိုမိုးဦးက နေ့စဉ်စားသောက်ရေးအတွက် အခြေခံကျတဲ့ ဆန်၊ဆီနဲ့ ကြက်ဥစတဲ့ စားသောက်ကုန်တွေကို စေတနာထက်သန်စွာနဲ့ ဝါဆိုမိုးဦးကလှူဒါန်းပေးခဲ့တာပါ။

အခုလို အလှူလေးပြုလုပ်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ဝါဆိုက “ယနေ့အလှူ” ဆိုပြီး မျှဝေထားခဲ့ပါသေးတယ်။ပရိသတ်ကြီးတွေလည်း ဝါဆို့ရဲ့အလှူလေးကို သာဓုခေါ်ဆိုနိုင်စေဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေကလည်း ဝါဆို့ရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Zawgyi



