
Zawgyi







Unicode

ဦးဇော်ဇော်အား ဒါတိုဆရီဘွဲ့ကို မလေးရှားအိမ်ရှေ့မင်းသားကိုယ်တိုင်ချီးမြှင့်

ဧရာဝတီဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌလဦးဇော်ဇော်ဟာ မြန်မညနိုင်ငံအတွက် လိုအပ်တဲ့အချိန်တိုင်းမှာ အသင်အမြဲရှိနေသူဖြစ်ပြီး ယခုလဲ ကိုဗစ်တိုက်ဖျက်ရေး အတွက် အစွမ်းကုန်ကြိုးစားနေတာဘဲ ဖြစ်ပါတယ် ။

လိုအပ်နေတဲ နေရာတွေကိုလည်း အမြဲတမ်းလှူဒါန်းနေတတ်သူမို့ Covid-19 ရောဂါပိုးတွေ့ရှိသည့် လူနာအရေအတွက် ဧရာဝတီစင်တာကြီးကို အရေးပေါ်တည်ဆောက်ခဲ့ပါတယ် ။

ရောဂါပိုးတွေ့ရှိသူ တစ်နေ့ထက်တစ်နေ့ များပြားလာခြင်းတဲ့အတွက် ပိုမိုလက်ခံ ကုသပေးနိုင်စေရန် လူနာ ၇၇၀ အထိ ကုသပေးနိုင်မည့်စင်တာအဖြစ် တိုးချဲ့ ဆောက်လုပ်ရန် စွမ်းစွမ်းတမံ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။

ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို မလေးရှားနိုင်ငံ၏ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် Dato’ Sri ဒါတိုဆရီဘွဲ့အား

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် အိမ်ရှေ့စံမင်းသား Tengku Abdullah Ibni Sultan Ahmad Shah က ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဆုသည် လူမှုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်သည်ာ ပုဂ္ဂိုလ်များအား ချီးမြှင့်သည့် ဆုဖြစ်ပြီး (FIFA) ဖီဖာ ဒုဥက္ကဋ္ဌများအပါအဝင် ထင်ရှားကျော်ကြားသူအချို့လည်း ရရှိခဲ့ဖူးသည်။