အလွန်ချစ်စရာကောင်းပြီး ဘာသာစကား၅မျိုးကို ရှင်းရှင်းလင်းလင်းပြောဆိုတက်တဲ့ အသက် ၁၀နှစ်အရွယ် မင်းသမီးလေး……

Zawgyi







Unicode

Mom Chao Norodom Jenna အမည်ရှိ ချစ်စရာကောင်းတဲ့မင်းသမီးလေးတစ်ပါးဖြစ်ပြီး အဆောင်လက်ဖွဲ့တွေနဲ့ ဝတ်ဆင်ထားတဲ့ Mom Chao Norodom Jenna အတွက် တကယ်အစွမ်းအစရှိသူပါ ။

သူမဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖျော်ဖြေပွဲတွေ၊ သီချင်းတွေ၊ မော်ဒယ်အလုပ်တွေလုပ်ပြီး အနုပညာလောကမှာ နာမည်ရနေပြီဖြစ်ပါတယ် ။

ဒါအပြင် Norodom Jenna က ကမ္ဘောဒီးယား-ပြင်သစ် လူမျိုးဖြစ်ပြီး ခမာ၊ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်နဲ့ ထိုင်းဘာသာစကား ၅ မျိုးကို ကျွမ်းကျင်စွာတတ်မြောက်ခဲ့သူဖြစ်ပါတယ် ။

ငယ်ရွယ်စဉ်အခါ ဘာသာစကားငါးမျိုးဖြင့် လေ့ကျင့်သင်ကြားမှုကို ရခဲ့ပါတယ် ။Norodom Jenna ဟာ မတ်လ, ၁၁ရက်, ၂၀၁၁ ခုနှစ်မှာ မွေးဖွားပြီး ယခုဆိုရင် အသက် ၁၀ နှစ်သာ ရှိသေးပါတယ် ။

အနုပညာလှုပ်ရှားမှုကြောင့် သူမအဆိုတော်နဲ့ မော်ဒယ်လုပ်ပြီး မကြာသေးမီက သူမဟာ “Bird of Bird Thongchai” လို့အမည်ပေးထားတဲ့ သီချင်းတစ်ပုဒ်ကို ပြန်လည်သီဆိုရန်ဖြန့်ချိခဲ့ပါတယ် ။

ပရိသတ်တွေရဲ့ အသည်းနှလုံးလို့ တင်စားခေါ်ဝေါ်ခြင်းခံရပြီး ထိုင်းလူမျိုးတွေလည်းအများကြီး စိတ်ဝင်စားနေကြပါတယ် ။ ဒီကလေးမက ငယ်ငယ်လေးနဲ့ အောင်မြင်မှုရပြီး ပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားသူပါ ။