ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်နေတဲ့ ဇနီးအတွက် နေ့လည်စာချက်ပြီး အိပ်ယာထဲထိပို့ပေးတဲ့ ဏကြီးအကြောင်း ဂုဏ်ယူစွာပြောလာတဲ့ ပိုင်ဖြိုးသု

Zawgyi

ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါတဲ့ မင်းသမီးလေး ပိုင်ဖြိုးသုက ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် သူမဝါသနာပါရာ အနုပညာလမ်းကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုက သူမရဲ့ ကြိုးစားအားထုတ်မှုအလျောက် အောင်မြင်တဲ့နေရာတစ်နေရာကို အခိုင်အမာရရှိနေပြီဖြစ်ပြီး အကယ်ဒမီဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပိုင်ဖြိုးသုက သူမထက် (၈) နှစ်ကြီးပြီး တည်ငြိမ်ရင့်ကျက်လွန်းတဲ့ ဒါရိုက်တာဏကြီးနဲ့ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပိုင်ဖြိုးသုက ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်နေတဲ့ ချစ်ဇနီးအတွက် နေ့လည်စာချက်ပြီး အိပ်ယာထဲထိပို့ပေးတဲ့ ခင်ပွန်းဖြစ်သူဏကြီးအကြောင်းကို ပြောပြလာပါတယ်။

“လေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ်လက်တွေကိုက်လို့ဆိုပြီးဆေးသောက်အိပ်လိုက်တာ မအိပ်စဖူးနေ့လယ်၁၁အထိအိပ်ပျော်သွားတယ်…..😁 နိုးလာတော့ “ရော့….နေ့လယ်စာပြင်ပေးထားတယ်”ဆိုပြီး brunch in bed လေးကိုယ်တိုင်လုပ်ပေးထားတော့….ဒီကဝတုတ်ပီတိတွေဖြာပေါ့ 🥰🥰🥰

အသားမစားသော ဝိတ်ချနေတဲ့သူ့မိန်းမ အတွက်ပြင်ဆင်ပေးထားမှု 😉 ဦးရေခဲ (၁၀၀)မှတ် 🏅🏆🥇” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောပြလာခဲ့ပါတယ်။

ဒါရိုက်တာဏကြီးကတော့ အနေအေးသူတစ်ယောက်ဖြစ်ပြီး ပိုင်ဖြိုးသုတောင် “ဦးရေခဲ” လို့ နာမည်ပေးထားရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ခံရလွန်းသူလေး ပိုင်ဖြိုးသုကို ပိုလို့တောင် ချစ်သွားကြမယ်လို့ ထင်ပါတယ်။

ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Unicode

ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါတဲ့ မင်းသမီးလေး ပိုင်ဖြိုးသုက ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် သူမဝါသနာပါရာ အနုပညာလမ်းကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းနေသူတယာက်ပဲ ဖြစ်ပါတယ်။