ချမ်းသာ ငွေဝင်ဂမ္ဘီရလက္ခဏာပိုင်ရှင်များ

Unicode

သူများတွေကအိမ်တံခါးခေါက်ပြီးပိုက်ဆံလာပေးရတဲ့ထိအောင်မြင်တဲ့ဂမ္ဘီရကြက်ခြေခတ်

(၁)အများအတွက်လူပင်ပန်းစိတ်ပင်ပန်းရပါမယ်အကျိုးဆောင်လိုက်ပါ

(၂)အများအားကိုးတာခံရပါ့မယ်

(၃)အိပ်မက်ထူးများမြင်မက်ပါတယ်

(၄)တစ်ခါမှမရောက်ဖူးတဲ့နေရာရောက်သွားရင်ရင်းနှီးစွာသိနေတတ်ပါတယ်

(၅)မသန့်တဲ့နေရာအသုံးအဆောင်နဲ့ကြုံချက်ချင်းစိတ်ကသိပြီးဓါတ်ပြင်းတဲ့သူတွေဆိုရင်ယားယံလာတတ်တယ်

(၆)လူတစ်ယောက်ကိုချက်ခြင်း အကဲခတ်မသိစိတ်ကပုံဖော်ပြီးလူကောင်းဟုတ်မဟုတ်ချက်ခြင်းသိပါတယ်

(၇)ဓါတ်ပြင်းတဲ့သူတွေဆိုရင်စုန်းတစ္ဆေပူးသူနားရောက်တာနဲ့ချက်ခြင်းရောဂါပျောက်ပါတယ်

(၈)မွေးမြူရေးလုပ်ပါက အရင်းပြုတ်တတ်ပါတယ်

(၉)အကုသိုလ်အလုပ်ဘာမှအကျိုးမပေး

(၁၀)မီးလောင်ရေနစ်ဓါတ်လိုက်မျိုးစုံကြုံဖူးပါမယ်

(၁၁)အိမ်ထောင်ရေးသာယာမှုနည်းပါးပါတယ်ကွဲတတ်ပါတယ်မကွဲရင်တောင်ခွဲနေရတတ်ပါတယ်

(၁၂)အခက်အခဲသိပ်ကြုံလာရင်နောက်ဆုံးအချိန်မှာကူညီမဲ့သူပေါ်လာတတ်ပါတယ်ဘယ်တော့မှဒုက္ခမရောက်ပါ

(၁၃) အချုပ်အနှောင်ကိန်းတွေလဲကြုံရတတ်ပါတယ်

(၁၄)သွားပုပ်လေလွင့် အပြောခံရတတ်ပါတယ်

(၁၅)ဘဝနေဝင်ချိန်မှဥစ္စာချမ်းသာတရားအသိချမ်းသာရပါမယ်

(၁၆)ပထမဒုတိယ တတိယအရွယ်တွေမှာခံရပြီးစတုတ္ ထအရွယ်ရောက်ပါမှအေးချမ်းရပါမယ်ကြီးပွားချမ်းသာပြီးအထွတ်အထိပ်သို့ရောက်တတ်သည်

ငယ်ရွယ်စဉ်မှာမချမ်းသာသေးရင်လည်းကြီးလာသောအခါပြည့်ပြည့်စုံစုံနေရတတ်

ဆဌမအာရုံအကြားအမြင်ရတတ်ပါ သည်ဘယ်သူတွေကကိုယ်အပေါ်ဘယ်လို

ဆက်ဆံတယ်ဆိုတာချက်ခြင်းသိသည်အခက်အခဲတွေကိုကျော်ဖြတ်နိုင်တယ်

ကြိုတင်သိမြင်တတ်အချစ်ရေးမှာတော့မိမိချစ်သလောက်ပြန်မချစ်တတ်သူနဲ့ တွေ့

ရတတ်မိမိသေသွားခဲ့ရင်တေ ာင်နာမည်တစ်လုံးကျန်ခဲ့သူဖြစ်မည်ခေါင်ဆောင်

ကောင်း အကြီးအကဲဖြစ်တတ်ဘာသာရေးအထူးလုပ်တတ်ကုန်းကောက်စရာမရှိ

အောင်မွဲပါစေမကြာခင်ချမ်းသာမည်စိတ်ကောင်းရှိသူမိတ်ဆွေပေါသူအနုပညာ

ဝါသနာကြီးသူစာပေတေးကဗျာအောင်မြင်ပြီ: အသံအဆိုကောင်းသူလူလိမ်များကို

လိမ်တာနဲ့သိလိမ်ညာသူကိုမုန်းသည်ချုပ်ချယ်မှုကိုမကြိုက်ဗြောင်ပြောတတ်သူ

အသက်ရှည်ပြီး ဘေးရန်ကင်းသူထီသုံးကြိမ်ထက်မနည်းကံထူးသူသူများဒုက္ခရောက်

ရင်ကူညီတတ်သူ ဆန်းပွင့်တတ်သူမွေးရပ်မြေနဲ့ဝေးကွာစွာနေရတတ်သည်

အပူအပင်ကင်းစွာဘဝကိုရပ်တည်တတ်ကျေးဇူးမမေ့တတ်အလွမ်းအဆွေးကြီးသူ

မျက်ရည်ဝဲတတ်သူဘာပဲဝတ်ဝတ်အချိုးကျပြီးမြင်သူတကာငေးရတတ်

ဂမ္ဘီရကြက်ခြေပါသူတွေဟာလောကဓံပေါင်းစုံကိုအကုန်စင်ခံရပြီးအနည်းဆုံး

သေတာပန်ဖြစ်မယ့် ပုဂ္ဂိုလ်တွေပါရှိသမျှဝဋ်ကြွေးတွေပေးဆပ်ရခြင်းသဘောပါ

ဘယ်တော့မှထမင်းမငတ်ပါဘူး သူတစ်ပါးလက်ချက်နှင့်ဘယ်တော့မှမသေဘူး

ကိုယ်စိတ်ကတော့အနားမရဘဲပင်ပန်းပါမယ်တရားထိုင်ရင်တရားထူးအမြန်ရပါတယ်

ထူးခြားသူများနှင့်ထူးခြားဖြစ်စဉ်များကိုကြုံရမြင်ရပါမယ်ဘုရားတရားများများလုပ်ဖို့ကတော့ မိမိတာဝန်ပါ

Zawgyi


















(၁၆)ပထမဒုတိယ တတိယအရွယ်တွေမှာခံရပြီးစတုတ် ထအရွယ်ရောက်ပါမှအေးချမ်းရပါမယ်ကြီးပွားချမ်းသာပြီးအထွတ်အထိပ်သို့ရောက်တတ်သည်

















