Unicode
30/4/21. မေလဆန်းအထိ မုတ်သုန်အကြိုမိုးများ မြန်မာနိုင်ငံ ဒေသအနှံ့အပြား ရွာနိုင်ဖွယ်ရှိပါသည်။
ယခုလိုကာလသည် မြန်မာနိုင်ငံအတွင်း ပူပြင်းသောကာလ ဖြစ်သည့်အားလျှော်စွာ ဘင်္ဂလားပင်လယ်အတွင်းမှ ပူ၍စိုစွတ်သော လေများကို မြေပြင်သို့ ဆွဲခေါ်နေသည့် အချိန်ဖြစ်သည်။
မြေပြင်မှ အပူငွေ့တို့သည်လည်း အပေါ်သို့ပျံ့တက်၍ ညနေပိုင်း မိုးတိမ်တောင် ဖြစ်ထွန်းသည့်ကာလ ဖြစ်သည်။
ဤကာလအတွင်း မိုးကြိုးမုန်တိုင်း လျှပ်စီး မိုး မိုးသီး ရုတ်တရတ်လေပြင်းတို့ ကျရောက်တတ်သော ကာလလည်းဖြစ်ပါသည်။
ယခုလိုကာလအတွင်းရွာသောမိုးများကို မုတ်သုန်အကြိုမိုးဟု တင်စားတတ်ပါသည်။
သို့သော်လည်း ယခုလိုအချိန် မိုးရွာသွန်းမှု များပြားလျှင်လည်း မုတ်သုန် အဝင်ကို နှောင့်နှေးစေပါသည်။
ဘာကြောင့်လည်းဆိုတော့ အနောက်တောင် မုတ်သုန်ကို ဆွဲခေါ်ရန် မြေပြင်အပူချိန် လျော့နည်းသွား၍ ဖြစ်ပါသည်။
ယခု ရရှိသော မိုးလေဝသပုံရိပ်အရ နောက် ၂ရက်အတွင်း ရန်ကုန် မွန် ကရင် တနင်္သာရီ ဧရာဝတီ ပဲခူး နေပြည်တော် ကယား ရှမ်း ၊ဒေသ ပတ်ဝန်းကျင်ဒေသများတွင် ထစ်ချုန်းမိုးများ နေရာစိပ်စိပ်ရရှိနိုင်ပါသည်။
မကွေး မန္တလေး စစ်ကိုင်း ရခိုင် ချင်း ကချင်ဒေသများ နေရာကွက်၍ ထစ်ချုန်းမိုး အနည်းငယ် ရရှိနိုင်ပါသည်။ Photo: Weather.us
Zawgyi
တစ္ပါတ္တာ မိုးေလဝသ အေျခအေန
30/4/21. ေမလဆန္းအထိ မုတ္သုန္အႀကိဳမိုးမ်ား ျမန္မာနိုင္ငံ ေဒသအႏွံ႕အျပား ႐ြာနိုင္ဖြယ္ရွိပါသည္။
ယခုလိုကာလသည္ ျမန္မာနိုင္ငံအတြင္း ပူျပင္းေသာကာလ ျဖစ္သည့္အားေလွ်ာ္စြာ ဘဂၤလားပင္လယ္အတြင္းမွ ပူ၍စိုစြတ္ေသာ ေလမ်ားကို ေျမျပင္သို႔ ဆြဲေခၚေနသည့္ အခ်ိန္ျဖစ္သည္။
ေျမျပင္မွ အပူေငြ႕တို႔သည္လည္း အေပၚသို႔ပ်ံ့တက္၍ ညေနပိုင္း မိုးတိမ္ေတာင္ ျဖစ္ထြန္းသည့္ကာလ ျဖစ္သည္။
ဤကာလအတြင္း မိုးႀကိဳးမုန္တိုင္း လွ်ပ္စီး မိုး မိုးသီး ႐ုတ္တရတ္ေလျပင္းတို႔ က်ေရာက္တတ္ေသာ ကာလလည္းျဖစ္ပါသည္။
ယခုလိုကာလအတြင္း႐ြာေသာမိုးမ်ားကို မုတ္သုန္အႀကိဳမိုးဟု တင္စားတတ္ပါသည္။
သို႔ေသာ္လည္း ယခုလိုအခ်ိန္ မိုး႐ြာသြန္းမႈ မ်ားျပားလွ်င္လည္း မုတ္သုန္ အဝင္ကို ေႏွာင့္ေႏွးေစပါသည္။
ဘာေၾကာင့္လည္းဆိုေတာ့ အေနာက္ေတာင္ မုတ္သုန္ကို ဆြဲေခၚရန္ ေျမျပင္အပူခ်ိန္ ေလ်ာ့နည္းသြား၍ ျဖစ္ပါသည္။
ယခု ရရွိေသာ မိုးေလဝသပုံရိပ္အရ ေနာက္ ၂ရက္အတြင္း ရန္ကုန္ မြန္ ကရင္ တနသၤာရီ ဧရာဝတီ ပဲခူး ေနျပည္ေတာ္ ကယား ရွမ္း ၊ေဒသ ပတ္ဝန္းက်င္ေဒသမ်ားတြင္ ထစ္ခ်ဳန္းမိုးမ်ား ေနရာစိပ္စိပ္ရရွိနိုင္ပါသည္။
မေကြး မႏၲေလး စစ္ကိုင္း ရခိုင္ ခ်င္း ကခ်င္ေဒသမ်ား ေနရာကြက္၍ ထစ္ခ်ဳန္းမိုး အနည္းငယ္ ရရွိနိုင္ပါသည္။ Photo: Weather.us