သာကေတနဲ့ တောင်ဒဂုံကြားက ကျူးကျော် တဲလေးတွေမှာ နေထိုင်သူများရဲ့ အခြေအနေ

Unicode

မင်္ဂလာပါ ယခု တင်ဆက် ပေးသွားမယ့် အကြောင်းလေးကတော့ အရမ်းကိုမှ အခက်ခဲ ဖြစ်နေကြတဲ့ သာကေတ နဲ့ တောင်ဒဂုံ ကြားက ကျူးကျော်တဲလေး အိမ်ထောင်စုပေါင်း ၁၅၀ ဟာ ထမင်းခြောက်ကိုတောင် ရေဖျော်ပြီး သောက်ရတဲ့ အထိကိုတောင် ဒုက္ခရောက် နေကြတဲ့ အကြောင်း လေးပဲ ဖြစ် ပါတယ်။

ယင်း ကျူးကျော် နေအိမ်လေးတွေမှာနေထိုင်သူတွေဟာ နဂိုထဲကမှ ငွေကြေး မတတ်နိုင်တဲ့ သူတေဖြစ်လို့ ကျူးကျော်ပြီး နေနေကြ ရတာပါ။ ဒါ့အပြင် ယခုကလည်း နိုင်ငံရေး မကောင်းတဲ့ ကာလမို့ လုပ်ကိုင်စားသောက် ဖို့က လုံးဝအဆင် မပြေတဲ့အချိန်ပါ။

အဆိုပါ ကျူးတဲ လေးတွေက ဖေဖော်ဝါရီ လ တုန်းက စုဆောင်း ထားတာ လေးတွေနဲ့ စားသောက် ကြပေမယ့် ယခု ဒီ မတ် လ အကုန်ပိုင်းလောက် မှာတော့ သူတို့လေး တွေလည်း အခက်တွေ့ နေကြပါတယ်။

အခုခေတ် အခါက ပြည်သူကို ပြည်သူ းက ပြန်စောင့်ရှောက်ရတဲ့ နိုင်ငံမို့ အခုလည်း တကယ့်ကို အခက်ခဲ ဖြစ်နေတဲ့ နေရာလေးမို့ သွားရောက် လှူဒါန်းပေး ကြဖို့ကို မေတ္တာ ရပ်ခံ ပါရစေ ခင်ဗျာ။

အလှူရှင် တစ်ဦးကလည်း အဆိုပါ အိမ်ထောင်စု ၁၅၀ စာ အတွက် ရိက္ခာထု တ်ဖြစ်တဲ့ မြေပဲ မုန့် ဆန် ဆီ ခေါက်ဆွဲ များကို တတ်နိုင်သလောက်လေး လှူဒါန်းပေးခဲ့ပါတယ်တဲ့ အဆိုပါ အလှူရှင်နှင့် ပေါင်းစည်းပြီး လှူဒါန်းပေးကြသော အလှူရှင် များကို လည်း ကျေးဇူးအ ထူး တင်ပါ တယ်ဗျာ။

ရပ်ကွက်ထိပ်မှာ စောင့်ကြည့် ပေးကြတဲ့ သူအားလုံး ကိုလည်း ကျေးဇူးပါဗျာ။ ကျနော်တို့ လိုက်လှူနေရင်း သူတို့ရဲ အခက်ခဲတွေကို ပြောပြ ကြတာ စိတ်တောင် မကောင်းဘူး တချို့ဆို အော်တောင် ငိုကြတယ်ဗျာ။

ဒါ့ကြောင့် တတ်နိုင်ရင် ကူညီပြီး လှူဒါန်းပေးကြပါဦးဗျာ။ ကျနေယ် လှူခဲ့တာ လေးက သူတို့အတွက် ၅ရက် တစ်ပတ်စာ လောက်ပဲ ရှိတာမလို့ အလှူရှင်မရှိတော့ရင် သူတို့လေးတွေအတွက် ဒီထက်ပို ခက်ခဲလာနိုင်လို့ပါ ဖတ်ရှု့အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း မလှူနိုင်ရင်တောင် share ခြင်းဖြင့် ကူညီပေး ကြပါဗျာ။

Zawgyi







