ပါချုပ်ဆရာတော် ဘုရားကြီးက သစ္စာပြုဆုတောင်းစကား ဆိုလိုက်ပါပြီ
Unicode
လက်ရှိကာလအတွက် ညနေဘုရားဝတ်ပြုပြီးတိုင်းတွင် မောရသုတ်နှင့် ပစ္စယနိဒ္ဒေသပဋ္ဌာန်းပါဠိတော်များကို အထူးပြုကာ ရွတ်ဆိုပူဇော်လျက် ရှိကြသည်။ ယခုကဲ့ သို့ ရွတ်ဆို ပူဇော်ကြရသည့်
၁။ မေတ္တာစွမ်းအား
၂။ သစ္စာစွမ်းအား
၃။ ပဋ္ဌာန်းတရားတော်အစွမ်းများနှင့်
၄။ #ဓမ္မသဟာယ၏ ဓမ္မပူဇာ ဓမ္မသစ္စာကြောင့်
လက်ရှိကာလတစ်လျှောက် ကြုံတွေ့ကြ ရသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး၏ ရင်တွင်းအပူလှိုင်းများ အလျှင်အမြန်ဆုံး ငြိမ်းအေးကြရပါလို၏ငြိမ်းအေး ကြပါစေသား….
သစ္စာပြု ဆုတောင်း စကား အသေးစိတ်ကို တင်ပြရလျင်… ဓမ္မသဟာယ၏ ဓမ္မပူဇာ၊ ဓမ္မသစ္စာအစီစဉ်-၁ အနေဖြင့် ကိုဗစ်ကာလ ဒုတိယလှိုင်းမှအစပြုကာ ညနေဘု ရား ဝတ် ပြုပြီးတိုင်းတွင်-မေတ္တသုတ်နှင့် ရတနသုတ်ကိုသာ အထူးပြု ရွတ်ဆိုပူဇော်ခဲ့ကြသည်။
အစီစဉ်-၂ အနေဖြင့် လက်ရှိကာလအတွက် တပို့တွဲလဆန်း ၈-ရက်မှ လကုန်အထိ ညစဉ် ၁၀-နာရီတိုင်းတွင် မိမိတို့နေထိုင်ရာအခန်းမှပင် တစ်ကျောင်းလုံးအနေဖြင့် မိမိကိုယ်မှ အစပြုကာ သတ္တဝါ အနန္တ အားလုံးအတွက် မေတ္တာပို့ ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
အစီစဉ်-၃ အနေဖြင့် လက်ရှိကာလအတွက် ညနေဘုရားဝတ်ပြုပြီးတိုင်းတွင် ယခင်ပရိတ်များအစားမောရသုတ်နှင့် ပစ္စယနိဒ္ဒေသပဋ္ဌာန်းပါဠိတော်များကို အထူးပြုကာ ရွတ်ဆိုပူဇော်လျက် ရှိကြသည်။
ယခုကဲ့သို့ ရွတ်ဆို ပူဇော်ကြရသည့် မေတ္တာစွမ်းအား သစ္စာစွမ်းအား ပဋ္ဌာန်းတရားတော်အစွမ်းများနှင့်ဓမ္မသဟာယ၏ ဓမ္မပူဇာ ဓမ္မသစ္စာကြောင့်လက် ရှိကာ လတစ် လျှောက် ကြုံတွေ့ကြရသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး၏ ရင်တွင်းအပူလှိုင်းများ အလျှင်အမြန်ဆုံး ငြိမ်းအေးကြရပါလို၏…ငြိမ်းအေးကြပါစေသား….
ကမ္ဘာသူ ကမ္ဘာသားအားလုံး အလိုမရှိအပ်သည့် ကပ်ကြီးသုံးပါးမှလည်း ကျော်လွှားနိုင်ကြပါစေသား…. ဟုဓမ္မသဟာယသာသနစင် တာကျောင်းတိုက် ရှိ သံဃာ သီ လ ရှင်အများက ပေါင်းစုကာ တောင်းဆုပတ္ထနာများ ပြုလိုက်ရပါ၏…သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေ….
Zawgyi
၁။ မေတ္တာစွမ်းအား
၂။ သစ္စာစွမ်းအား