မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ခရစ် 2021ခုနှစ် မဟာသင်္ကြန်စာ ဟောစာတမ်းကြီး

၁၃၈၃-ခုနှစ်၊သင်္ကြန်စာ ဟောစာတမ်းကြီး

ဇေယျတု မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊နှောင်းတခူးလဆန်း ၃ ရက်၊ ခရစ်နှစ် 2021 ဧပြီလ ( 14 ) ရက် ( ဗုဒ္ဓဟူးနေ့ ) မြန်မာစံတော်ချိန်နံနက် ၅ နာ ရီ ၄၆ မိနစ် ၅၅ စက္ကန့် အချိန်တွင် မဟာသင်္ကြန် ကျပါသည်။ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊

နှောင်းတစ်ခူး လဆန်း (၄) ရက်၊ခရစ်နှစ် 2021 ဧ ပြီလ (15) ရက်( ကြာသပတေးနေ့ ) သည်မဟာသင်္ကြန် (အကြတ်ရက်) ဖြစ်သည်။ မြန်မာသက္က ရာဇ် ၁၃၈၂ ခုနှစ်၊ နှောင်းတခူး လဆန်း ၅ ရက်၊ခရစ်နှစ် 2021 ၊ဧပြီလ (16) ရက်၊( သောကြာနေ့

) နံနက် ၉ နာရီ ၅၁ မိနစ် ၃၆ စက္ကန့်တွင် မဟာသင်္ကြန် တက်ပါသည်။ ထိုကြောင်မြန်မာသက္က ရာဇ် ၁၃၈၃ ခုနှစ် ဉီးတခူးလဆန်း (၆)ရက်ခရစ် နှစ် 2021 ၊ဧပြီးလ (17) ရက်၊ စနေနေ့သည် နှစ်ဆန်း (၁) ရက်နေ့ဖြစ်သည်။

ကောဇာသက္ကရာဇ်၁၃၈၃ ခုနှစ် လက်ထက် ရက်မရှိ၍ ဗုဒ္ဓဘာသာ၊သာသနာတော် ဝန်ထမ်း ရဟန်းအရှင် မြတ်တို့မှာ မြန်မာ သက္ကရာဇ် ၁၃၈၃ခုနှစ် ဝါဆိုလပြည်ကျော် (၁)ရက်၊ ခရစ်နှစ် (2021) ၊ဇူလိုင်လ (၂၄) ရက်၊စနေနေ့တွင် ပထမပုရိမဝါ ကပ်ဆိုတော်မူကြရမည်။

ဘာနုရာဇာ ဂြိုဟ်မင်းသည် ပြည်ပန်းညိုပွ င့်အဆင့်နှင့် တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် ကျွဲရဲကိုစီး၍ လက်တဘက် ကားပန်းခက်ကိုင်လျှက် လက်တဘက်ကား ရေးချမ်းအိုး ကိုပိုက်၍ အရှေ့ကသည် တောင်သို့ ထက်ဝယ်ဘွဲ့လျက်ဝင်၏။

ဃောရဿ ဒေဝီနတ်သ္မီးကား အလှည့် စေ၍ ပရမီးသွာ နတ်မင်း၏သား အာသီ အမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော်မဟောရ ကာဒေဝီနတ် သ္မီးကာငို၍ လှမ်းလ င့်၏။ ပြောက္ကာ ဒေဝီးနတ်သ္မီး ကား အဖြူ၊ အနီ၊

အစိမ်း အပြာ၊ အဝါအာဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သင်္ကြန်မင်းကို စောင့်လင်၏။ ထိုကြောင့် မိုဃ်းဦး၊ မိုဃ်းလယ် တံ့အံ့။ မိုးနှောင်း ကောင်းအံ့။ ကျွဲ ၊နွားစသော အခြေ (၄)ခု၊ အသေပျောက် များအံ့။

မုန်တိုင်း လေဗွေထန်အံ။ စပါးအသီး အနှံမကော င်း၊ မြတ်သော ရဟန်း၊ ပုဏ္ဏား မင်းမိဖုရား၊ မင်း သားတို့ ဒဏ်သင့်ကုန်အံ့။ အမှူးအမတ် သူကြီးဟူ သမျှ မကောင်း ၊တလှိုင်းပြည် ပျက်အံ့။ ဆား၊ဝါ ရှားကုန်အံ့။ ဤကား မဟာသင်္ကြန်ကျ အလိုအာဖြင့် ဟောကြားခြင်း ဖြစ်ပေသည်။

တနင်္လာနေ့ဖွား သားသမီး

ဤနှစ်တွင် လူကြီးမိဘတို့၏ ပံ့ပိုးမှုကြောင့်စီးပွာ  ရေးတွင် ကံကောင်းနိုင်အံ့ ပေါင်းသင်း ဆက် ဆံရေး၌ ပတ်ဝန်း ကျင်၏ အထင်မြင် လွဲမှုနှင့် မွေး ချင်းမောင်နှမ တို့ကြား အချင်းများ တက်သည်။ အိမ်ခြံမြေ တိုက်တာ မမျှော်လင့်ပဲ ဝင်ကိန်းရှိ သ ည်။ အစားအ သောက်ကြောင့် လေးဥပါဒ် ကြုံရအံ့။

အစာအိမ် အချဉ်ပေါက် ဝမ်းရောဂါ ဖြစ်ပွားတတ်အံ့ ရေခြား မြေခြားမှ မိတ်ဆွေ အပေါင်းအ သင်းတို့ပွားအံ့၊ ဗုဒ္ဓဟူး တနင်္လာနေ့နံ သားသမီးတို့ အကျိုးပေး ကောင်းအံ့။ အလှကုန် ပရိဘောဂ ယာဉ်ကား အဖျော်ယမကာလုပ်ငန်း အကျိုးပေးအံ့၊မိမိနှင့် မသက်ဆိုင်သော အမှုအခင်းပြဿနာ များကို ဖြေရှင်းရတက်အံ့

အချစ်ရေးတွင် မိသား စုသဖွယ် ဂရုစိုက် ပေးတက်သော ချစ်သူနှင့်ဆုံစ ည်းရအံ့ ပညာရေး ကံကောင်း သော နှစ်ဖြစ် သည်။ ယတြာ မွေးနေ့ နံနက် ၉း၂၇ မိနစ်အချိန် ရာ ဟု နံဘုရားတွင် ပန်းရောင် ဝတ်ဆင်လျက် ဒန်းညွန့် (၉)ညွန့် ကပ်လှူပါ။

အင်္ဂါနေ့ဖွား သားသမီး

ဤနှစ်တွင် အလုပ်သစ် ဝန်းကျင်သစ်တွင် ကြိုး စားရသော အချိန်ဖြစ်၍ ကြိုးစား သလောက်အ ခွင့်ထူး ရရှိနိုင်အံ့ ပညာ ရေးတွင် ထူးချွန်အောင် မြင်အံ့။ အချစ်ရေးတွင် နားလည်မှု လွဲမှားနိုင်အံ့။အိမ်ထောင်ရေးတွင် စာနာနားလည် မှုတို့ကြောင့် သာယာနိုင်အံ့။

သွားလေရာ မျက်နှာပွင့် သော်လည်း ရန်သူများတက်အံ့ တနင်္ဂနွေ အင်္ဂါနေ့နံဖွားတို့ အကျိုးပေးအံ့။ ဆီလုပ်ငန်း စိန်ထည် လုပ်ငန်း စားသောက် ကုန်လုပ်ငန်း စက်မှုလုပ်ငန်း အိမ် ဆောက် ပစ္စည်းတို့နှင့် အကျိုး ပေးအံ့၊ မွေးချင်းမောင်နှမ တို့နှင့် ပတ်သက်၍ အလုပ် အကိုင်များ ချဲ့ထွင်ရအံ့။

ကျန်းမာရေးတွင် အဆုတ်ရောဂါ၊ အစာအိမ် အကြောအဆစ် ရောင်ရမ်းသော ဝေဒ နာတို့ ခံစားရအံ့။ ယတြာ။ မွေးနေ့နံနက် ၉း၃၆ မိနစ် အချိန်တွင် သောကြာနံ ဘုရားတွင် လိမ္မော် ရောင် ဝတ်ဆင်လျက် အုန်းညွန့် ကပ်လှူပါ။

ဗုဒ္ဓဟူးနေ့ဖွား သားသမီး

ဤနှစ်တွင် လုပ်ငန်း အမျိုးမျိုး မပြောင်းလဲ ဘဲ န ဂိုမူလ လုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင် လျှ င် အောင်မြင်အံ့။ ဥပဒေပြင်ပ လုပ်ငန်းများရှောင် ရှားသင့်သည်။ လူမှုရေး ပြဿနာပွေလီ ရှုပ်ထွေးမှုကြောင့် အိမ်ထောင် ရေးညံ့အံ့။

လုပ်ငန်း (သို့) အိမ်၌ လက်အောက် ငယ်သားမမြဲ၊ စနေ တနင်္လာနံ သားသမီးတို့နှင့် အကျိုးပေးအံ့၊ ကျောက်မျက်လုပ်ငန်း အထည်လိပ်လုပ်ငန်း ထီရောင်း ဝယ်ရေး လုပ်ငန်းတို့ အကျိုးပေးအံ့ ထီဆုကြီး ပေါက် ကိန်ူရှိအံ့။ ဗုဒ္ဓဟူးနံ လုပ်ငန်း အကျိုးမပေးပါ ပညာ ရေးတွင် ခက်ခဲစွာ ကြိုးစား၍ အောင်မြင်မှု ရအံ့၊

ငွေရ ကံကောင်း သော်လည်း အကြွေးပေးက ဆုံး ရှုံးရအံ့၊ ကျန်းမာရေးတွင် နှလုံး အူမကြီး ရောင်ရ မ်း သောဝေဒနာ ခံစားရအံ့၊ အချစ်ရေးတွင် စစ်မှ န်သော ဖူးစာရှင်နှင့် တွေ့အံ့၊ ယတြာ မွေးနေ့ နံ နက် ၉း၁၈ မိနစ်အချိန် တနင်္ဂနွေနံ ဘုရား ပိတော က်ရောင် ဝတ်ဆင်၍ ကံကော်ညွန့် ကပ်လှူပါ။

ရာဟုနေ့ဖွား သားသမီးတို့သည်

ဤနှစ်တွင် စီးပွားရေး ငွေကြေး ကိစ္စ ကံကောင်းအံ့ အလှူဒါန ပြုရအံ့၊ အိမ်ထောင်ရေးတွင် နားလ ည်မှု လွဲမှားခြင်းအပေါ် ခွင့်လွှတ် နိုင်ခြင်းကြောင့် သာယာအံ့ ပြေားဆို ဆက်ဆံရာ တွင်လဲ ပညာအ တွေး အခေါ်မြင့်မားပြီး အကွက်ကျကျ ပြောဆိုနိုင်အံ့ တနင်္ဂနွေ စနေနံသား သမီးတို့ အကျိုးပေးအံ့၊

ရေကြောင်းခရီး အလှကုန် စားသောက်ကုန်နှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတို့နှင့် အကျိုး ပေးအံ့၊ စိတ်ဖိစီးမှုမခံဘဲ စိတ်ချမ်းသာ အောင်နေနိုင်အံ့၊ ပညာရေးတွင် ရည်မှန်းချက် ထားပြီးကြိုး စားလျှင် အောင်မြင်အံ့ ကျန်းမာရေးတွင် တစ်ခါ တစ်ရံ ဦးခေါင်း မျက်စိ နား နှာခေါင်း လျှာဝေဒနာခံစားရအံ့၊

ညီအစ်ကို မောင်နှမ များအပေါ်သြဇာပေးခြင်း မဟုတ်ဘဲ အကြံပြု သဘောဆော င်လျှင် မိသားစု အဆင်ပြေအံ့။ ယတြာ။ ။ မွေးနေ့နံနက် ၉း၄၅ အချိန်တွင် ဗုဒ္ဓဟူးနံ ဘုရားတွင်ရော င်စုံ ဝတ်ဆင်လျှက် ကံတက်ညွန့်(၉)ညွန့် ကပ်လှူပါ။

ကြာသပတေးနေ့ဖွား သားသမီး

ဤနှစ်တွင် စီးပွားရေး အခွင့်လမ်းသစ် များရရှိနိုင်ပြီး ကောင်းမွန်စွာ လုပ်ကိုင်လျှင် အောင်မြင်အံ့။ မိဆွေရင်းခြာ နှင့်ပတ်သက်၍ ဝင်ငွေရလမ်း များရရှိအံ့။ လိုက်လျော ညီထွေစွာလုပ်ဖော် ကိုင်ဖက်များနှင့် ပေါင်း သင်းနိုင်၍ ပို၍အောင်မြင်အံ့။

လူမှုရေး ရှုပ်ထွေးမှု ကင်းပြီး ပညာရေးတွင် မှန်မှ န် ကန်ကန်ကြိုးစားလျှင် အောင်မြင်အံ့။ ကျန်းမာ ရေးတွင် အဆစ်မြစ် ကိုက်ခဲ ၊ ကျီးပေါင်း ရောဂါဝေဒနာတိုကို ခံစားရတက်အံ့။ သောကြာ ၊ တနင်္ဂ နွေဖွားတို့နှင့် နံသင့်လုပ်ငန်း အကျိုးပေး၍ အင်္ဂါ နံလုပ်ငန်း အကျိုးပေး၍ အင်္ဂါနံ လုပ်ငန်းတို့ အကျိုး ပေးအံ့။

သံထည်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း စာပေလုပ်ငန်းတို့ အကျိုးပေးသည်။ ဗု ဒ္ဓ ဟူးနေ့သား အကျိုးပေးအံ့။ အချစ်ရေးတွင် စ န်းပွင့်ပြီး နှစ်ကုန်ပိုင်းတွင် မင်္ဂလာသတင်း ကြားရအံ့။ ယတြာ။ မွေးနေ့နံနက် ၉း၅၄ မိနစ် အချိန် အ င်္ဂါ နံဘုရားတွင် အဖြူရောင် ဝတ်ဆင်လျှက် သီး (၉)ညွန့် ကပ်လှူပါ

သောကြာနေ့ဖွား သားသမီး

ဤနှစ်တွင် စီးပွားရေးကို အခြေပြုသော ခရီးကို မကြာခဏ ထွက်ရအံ့။ လုပ်ငန်း ကိစ္စတွင် ကတိ တည်ခြင်း ကောင်းမွန်တဲ့ စီမံမှုတို့ ကြောင့် အောင်မြင်အံ့။ မိဆွေကောင်း များနှင့် နားလည်မှု မလွဲအောင် ပြုမူဆက်ဆံ သင့်သည်

ပညာရေးတွင် အထူးကောင်းမွန်၍ စက်မှုလက်မှု စစ်ဘက်နှင့် ဆေးဘက် ဆိုင်ရာတွင် ထူးချွန်သူများ ဖြစ်အံ့။ စပ်တူရှယ်ယာ ကောင်းမွန်အံ့။ အိမ်ထောင်ဘက်အတွက် ငွေကုန် ကြေးကျ များအံ့။ ကျန်းမာရေးအတွက် အဆုတ်အားနည်း။ အသည်းဝေဒနာတို့ ခံစားရအံ့၊

ကြာသပတေး စနေနေ့ဖွားနှင့် နံသင့်လုပ်ငန်း အကျိုးပေးအံ့။ စားသောက်ဆိုင် ပန်းတိ မ်လုပ်ငန်း မုန့်မျိုးစုံ လုပ်ငန်းတို့ အကျိုး ပေးအံ့။ အချစ်ရေးတွင် မျှော်လင့်ထားသည့် ဖူးစာရှင်နှင့်တွေ့ရတက်အံ့။ ယတြာ။ မွေးနေ့နံနက် ၉ နာရီ အဘချိန်တွင် စနေနံဘုရားတွင် လိမ္မော်ရောင် ဝတ်ဆင်လျှက် ဇီးညွန့် (၉)ညွန့် ကပ်လှူပါ။

စနေနေ့ဖွား သားသမီး

ဤနှစ်တွင် စီးပွားရေး လုပ်ငန်း မကြာခ ပြောင်း လည်း ခြင်းကြောင့် ရသင့်သော အကျိုးအမြတ်ငွေ မရပဲရှိအံ့။ အသင်း ဖွဲ့တို့နှင့် စီးပွားရေး (သို့) လူမှုရေးကိစ္စများ လုပ်ဆောင်ရာတွင် သိက္ခါ ကျဆင်းဘွယ်ရာများ ကြုံရတက်အံ့။

ပညာရေးတွင် ချစ်မှုရေးရာ ရှုပ်ထွေးမှုကြောင့် စိတ်လေလွင့်မှု မရှိမှသာ အောင်မြင်အံ့၊ ဆွေမျိုးများထံမှ အမင်္ဂ လာသတင်း ကြားရအံ့။ အိမ်ထောင် ဘက် နှင့် ပတ်သက်၍ မမျှော်လင့်ပဲငွေကြေး ဥစ္စာရအံ့ သား သမီးတို့ စီးပွားရေး တိုးတက် အောင်မြင်အံ့။ တန င်္ဂနွေ သောကြာ နေ့နံသားသမီးတို့ အကျိုးပေးအံ့ ။

ကျန်းမာရေးတွင် အသည်း ၊နာတာရှည် ဖျားနာ ခြင်းတို့ ဖြစ်ပွားအံ့။ အဖျော် ယမကာ လုပ်ငန်း ၊ အနုပညာလုပ်ငန်း ပရိဘောဂ လုပ်ငန်းတို့အကျိုး ပေးအံ့။ ယတြာ။ ။ မွေးနေ့နံနက် ၉း၂၅ မိနစ် အ ချိန်တွင် ဗုဒ္ဓဟူး ,တနင်္လာနေ့နံဘုရားတွင် ပန်းနု ရောင် ဝတ်ဆင်လျက် အုန်းပေါင်း ကပ်လှူပါ။

တနင်္ဂနွေနေ့ဖွား သားသမီးများ

ဤနှစ်တွင် ပြည်ပအလုပ် အကိုင်ကောင်း များနှ င့် ကြီးပွားအံ့။ ဇနီးသည် ဘက်မှ အခွင့် အလမ်းကောင်းများရအံ့။ လိမ္မာ ပါးနပ်မှုကြောင့် လူမှုဆ က်စံရေး တိုးတက်အံ့။ တပည့် လက်အောက် ငယ်သား တို့အပေါ် သည်းခံပူးပေါင်း ဆောင်ရွက် ခြင်းဖြင့် လူမှုရေး စီးပွားရေး၌ အောင်မြင်အံ့

ဆွေ မျိုးတို့နှင့် နီးလျှက် ဝေးတက်အံ့ မိသားစု လက်ခံခြင်း မရှိသူနှင့် ဖူးစားဆုံအံ့ ကြာသပတေးနေ့ဖွား အင်္ဂါနံ သားသမီး တို့နှင့် အကျိုးပေးအံ့ကြော်ငြာ ဝန်ဆောင်မှု လုပ်ငန်း စာပေလုပ်ငန်း ပုံနှိပ် လုပ် ငန်း စိုက်ပျိုးရေး စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းတို့ အကျိုးပေးအံ့။

ကျန်းမာရေးတွင် လေပွ ၊လေနာ ၊ ဗိုက်နာခြင်း အရိုးအား နည်းခြင်းတို့ ဖြစ် ပွားအံ့ နယ်ပယ်သစ် ပညာရပ် ဆန်းများသင်ကြာ ရတက်သည်။ ယတြာ။ မွေးနေ့နံနက် ၉း၀၉ မိနစ်အချိန်တွင် ကြာသပတေးနံ ဘုရားတွင် အပြာနုရောင် ဝတ်ဆင်လျက် သီဟိုညွန့် ကပ်လှူပါ။